Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံရောက် မြန်မာ ပြည်ပြေး အစိုးရ ဆန့်ကျင်သူ ငါးဦးက လန်ဒန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးရှေ့တွင် ဆန္ဒပြမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည့်တိုင် မြန်မာ စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မရှိဘဲ သူမကို ၁၄ ကျော် ကာလကြာမျှ ဖမ်းဆီး ချုပ်နှောင်ခဲ့သည်။

ယခု လန်ဒန်မြို့ မြန်မာ သံရုံးရှေ့တွင် မြန်မာအစိုးရ အတိုက်အခံသမား ငါးဦးက ဦးဆောင် ပြုလုပ်သော ဒေါ်စုကြည် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲတွင် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (ဗြိတိန်) မှ ဒါရိုက်တာ Kate Allen လည်း ပူးပေါင်း ပါဝင်ခဲ့သည်။ ဆန္ဒပြသူများသည် တရားဝင် ဥပဒေ သတ်မှတ်ချက်အရ မြန်မာနိုင်ငံ အချုပ်အခြာ အာဏာ ပိုင်နက် ဖြစ်သော မြန်မာသံရုံး၏ လှေကားထစ်များသို့ တက်ရောက်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ဥပဒေများအရ လူငါးဦးထက် ပိုသော စုရုံးမှုများသည် တရားမဝင်သော လှုပ်ရှားမှုအဖြစ် သတ်မှတ်သည်။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့မှ ဒါရိုက်တာ Kate Allen က "ခုလို ပုန်ကန်ဆန္ဒပြမှု အသေးစားလေးတွေ လုပ်ဖို့ဆိုတာ မြန်မာနိုင်ငံထဲမှာ မဖြစ်နိုင်ပါဘူး" ဟု ပြောသည်။

"မြန်မာနိုင်ငံထဲမှာ စစ်အစိုးရကို ဆန့်ကျင်ပြီး ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ ပကတိတရားကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုရဲတဲ့ သူဆိုရင် စောင့်ကြည့် ခံရနိုင်ပါတယ်၊ ဖိနှိပ် အပြစ်ပေး ခံရတာတို့၊ ဖမ်းဆီးခံရတာတို့၊ ညှဉ်းဆဲ နှိပ်စက်ခံရတာတို့ ကြုံရပါတယ်။ ဒါတင် မကပါဘူး။ သတ်တောင် အသတ်ခံရနိုင်ပါတယ်" ဟု ဆိုသည်။

Morning Star Online မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment