Transparency Myanmar

transparency.myanmar@gmail.com

By Paul Fraser, 20th June 2010

ဂျပန်နိုင်ငံရောက် မြန်မာများသည် ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံသည့် အနေဖြင့် မွေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲကို တိုကျိုမြို့ United Nations University ၏ အပြင်ဘက်တွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး သူမ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြသည်။

မြန်မာ ဒီမိုကရေစီခေါင်းဆောင်သည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ်အတွင်း ယမန်နေ့က အသက် ၆၅ နှစ် ပြည့်သွားခဲ့ရာ ဒီမိုကရေစီ လှုပ်ရှားသူများက ကမ္ဘာတလွှားတွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး ကမ္ဘာ့ခေါင်းဆောင်များကလည်း မြန်မာအစိုးရအား သူမကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားများကို ဆစ်ဒနီ၊ မနီလာ၊ ဂျကာတာ၊ ကွာလာလမ်ပူနှင့် ဘန်ကောက်မြို့များတွင် ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ချီတက် ဆန္ဒပြပွဲများ၊ ဖယောင်းတိုင် မီးထွန်း ဆုတောင်းပွဲများ၊ အထိမ်းအမှတ် ကပွဲများနှင့် ဗုဒ္ဓဘာသာ ရိုးရာ ဝတ်ပြု ဆုတောင်းပွဲများကို ဒပ်ဘလင်၊ ဗြိတိန်နိုင်ငံ မြို့ကြီးပေါင်း များစွာ၊ တိုရွန်တို၊ နယူးယောက်၊ ဝါရှင်တန်နှင့် အခြား မြို့ပေါင်းများစွာတွင် စီစဉ် ကျင်းပခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment