Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ မူးယစ် တိုက်ဖျက်ရေး အာဏာပိုင်များက လစဉ် ထုတ်ပြန်သော စာရင်းဇယားများ အဆိုအရ ယခုနှစ် မေလအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အမှုပေါင်း ၂၃၇ မှုကို ထုတ်ဖော်နိုင်ခဲ့ပြီး အမျိုးသမီး ၈၅ ဦး ပါဝင်သော တရားခံ ၃၉၅ ဦးကို အပြစ်ပေး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော အမှုများတွင် ဘိန်းဖြူအမှုမှာ အများဆုံး ဖြစ်ပြီး ၈၅ မှု ဖြစ်ကာ စိတ်ကြွ ရူးသွပ်ဆေးပြား အမှု ၆၅ မှု၊ ဘိန်းစိမ်းမှု ၂၆ မှု နှင့် ဆေးခြောက်မှု ၂၀ မှု ဖြစ်ကြောင်း စာရင်းဇယားများက ဆိုသည်။

မေလ တစ်လတည်းတွင်ပင် မြန်မာ အာဏာပိုင်များသည် ဘိန်း ၁၀၁ ဒဿမ ၇၉ ကီလိုဂရမ်၊ ဘိန်းဖြူ ၂ ဒဿမ ၄၆ ကီလိုဂရမ်၊ ဆေးခြောက်  ၄ ဒဿမ ၂ ကီလိုဂရမ်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆၆၀၀၀ ပြား ဖမ်းဆီး ရရှိခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ယခင်လ အတွင်းကလည်း မြန်မာအစိုးရသည် မူးယစ်ဆေးနှင့် ဆက်နွယ်သော အမှုပေါင်း ၂၄၁ မှုကို ထုတ်ဖော်နိုင်ခဲ့ပြီး တရားခံ ၃၄၇ ဦး (အမျိုးသမီး ၅၉ ဦး အပါအဝင်) ကို အပြစ်ပေး အရေးယူနိုင်ခဲ့သည်။ ယမန်နှစ် ဘိန်းစိုက်ပျိုးသည့် ရာသီတွင် ဘိန်းခင်းပေါင်း ၄၁၃၈ ဟက်တာကို ဖျက်ဆီးနိုင်ခဲ့သည်ဟု မြန်မာ အာဏာပိုင်များ၏ အစီရင်ခံစာတွင် ပါရှိသည်။ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၁၅ နှစ်တာ စီမံကိန်း (၁၉၉၉ မှ ၂၀၁၄ အထိ) တစ်ရပ်ကို အပိုင်း သုံးပိုင်းခွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ အပိုင်း တစ်ပိုင်းလျှင် ငါးနှစ်တာမျှ သတ်မှတ်ထားရာ ယခုဆိုလျှင် နောက်ဆုံးအပိုင်း ကာလထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment