Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ အနောက်မြောက်ဘက် ဒေသတွင် မုတ်သုံမိုးများ သည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးမှု နှင့် မြေပြိုမှုများ ဖြစ်ပွားရာ အဆိုပါဒေသ၌ နေထိုင်သူ လူပေါင်း ၅၇ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံပိုင် မီဒီယာက သတင်း ပေးပို့သည်။

မြန်မာနိုင်ငံ အနောက်မြောက်ဘက် ရခိုင်ပြည်နယ်တွင် ဇွန်လ ၁၂ ရက်နေ့က မိုးများ သည်းထန်စွာ စတင် ရွာသွန်းခဲ့ရာ ရက်သတ္တပတ် အလယ်ခန့်ရောက်မှ ရပ်စဲသွားခဲ့သည်။ ယင်း ဖြစ်ရပ်ကြောင့် ရေလွှမ်းမိုးမှုများနှင့် ရွှံ့မြေ ပြိုကျမှုများ ဖြစ်ပွားကာ နေအိမ်များ၊ စာသင်ကျောင်းများနှင့် တံတားများ ပျက်ဆီးသွားခဲ့ရကြောင်း၊ လူပေါင်း ၂၀၀၀ ကျော်မှာလည်း အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရကြောင်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဆိုသည်။

လက်ရှိအချိန်တွင် ရေလွှမ်းမိုးမှုများ လျော့ကျသွားပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ စတင် လုပ်ကိုင်နေပြီ ဖြစ်သည်ဟု ဆိုသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ရသည်။

အာရှဒေသတွင် ရေလွှမ်းမိုးမှုများ ပုံမှန် ဖြစ်ပွားလေ့ ရှိပြီး အထူးသဖြင့် မုတ်သုံရာသီ စတင်လေ့ ရှိသော မေလ နှောင်းပိုင်းခန့်တွင် ဖြစ်လေ့ဖြစ်ထ ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလက နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ရာ လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့ရသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment