Transparency Myanmar

transparency.myanmar@gmail.com

DVB News, By Nan Kham Kaew, 25th June 2010

          မြန်မာနိုင်ငံ အရှေ့မြောင်ပိုင်းရှိ ဝ တပ်သည် တစ်နေ့နေ့တွင် မြန်မာအစိုးရနှင့် ပူးပေါင်းရမည် ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် တိုင်းပြည် တစ်ခုတွင် စစ်တပ်က အမျိုးမျိုး ရှိနေခြင်းကို လက်မခံနိုင်ကြောင်း စစ်အစိုးရက ဝ သို့ သတိပေးခဲ့သည်။

          အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဝင်းသိန်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် အင်္ဂါနေ့က အင်အား သုံးသောင်းရှိ UWSA နှင့် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံမှုမှာ တရုတ်ပြည် ယူနန်ပြည်နယ်မှ တာဝန်ရှိသူများနှင့် နယ်စပ် လုံခြုံရေး ကိစ္စများ သွားရောက် ဆွေးနွေး အပြီးတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

          အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲရေး အစီအစဉ်အား ဝ တပ် UWSA က လက်ခံရန် နှောင့်နှေးနေခြင်းကြောင့် နှစ်ဖက်ကြား တင်းမာမှုများ တိုးပွားလျက် ရှိရာ Beijing က မြန်မာအစိုးရအား နယ်စပ် တည်ငြိမ်ရေး ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။ ယခုလ အစောပိုင်းက အစိုးရ ဝန်ထမ်းများ ဝ နယ်မြေသို့ တာဝန် ထမ်းဆောင်ရန် ပြန်သွားကြရာ တင်းမာမှု လျော့သွားသည်ဟု ယူဆရပေသည်။

          ဝ တာဝန်ရှိသူ တစ်ဦးက DVB သို့ ပြောကြားရာတွင် "တိုင်းပြည်တစ်ခုမှာ စစ်တပ်တွေ အမျိုးမျိုးရှိနေတာ မဖြစ်သင့်ပါဘူးလို့ ဝင်းသိန်းက ပြောသွားပါတယ်။ သူက ပြောသေးတယ်။ အနှေးနဲ့ အမြန်ပဲ ကျွန်တော်တို့ အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရမှာပါလို့ ပြောသွားပါတယ်" ဟု ဆိုသည်။

          အစိုးရသည် ယခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက် ရှိရာ၊ တိုင်းရင်းသား လက်နက်ကိုင် များကို အစိုးရ စစ်တပ် လက်အောက်ခံအဖြစ် ရေးဆွဲထားသည်။

          ဝ တာဝန်ရှိသူက ပြောကြားရာတွင် UWSA အနေဖြင့် အစိုးရ၏ ကြေညာချက်အား တရားဝင် တုန့်ပြန်ခြင်း မရှိသေးသော်လည်း၊ အစိုးရအား ငြိမ်းချမ်းရေး ထိန်းသိမ်းရန် တိုက်တွန်းလိုက်သည်။ UWSA သည် မြန်မာနိုင်ငံတွင် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၊ ၁၉၈၉ က အစိုးရ နှင့် အပစ်အခတ် ရပ်ရန် သဘောတူ စာချုပ် ချုပ်ဆိုခဲ့သော်လည်း ယခုအခါ စာချုပ်ပျက်ရမလို ဖြစ်နေသည်။

          အမေရိကန် အစိုးရသည် ဝ တပ်ဖွဲ့အား ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံး စာရင်းတွင် ထည့်သွင်းထားသည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်မှ စ၍ ၎င်း၏ ဘိန်း ထုတ်လုပ်မှုမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဝ သည် ယခုအခါ မက်သာဖက်တမင်း ထုတ်လုပ်မှုဖက်သို့ ပြောင်းသွားခဲ့သည်။ ယမန်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်က မူးယစ်ဆေးဝါးထုတ်လုပ်မှု ရုတ်ချည်း မြင့်တက်ခဲ့သည်ဟု ဖော်ပြထားသည်။

          "ကျွန်တော်တို့ ဘိန်းစိုက်မယ့် အစား အခြားအပင်တွေ စိုက်ချင်ပါတယ်။ ကျွန်တော်တို့ ဒေသကို တိုးတက်စေချင်ပါတယ်။ ကျွန်တော်တို့က အစိုးရကို မေးတယ်လေ။ စစ်ဖြစ်ချင်သလား၊ ငြိမ်းချမ်းရေးကို လိုချင်သလားလို့" ဟု ဝ တာဝန်ရှိသူက ပြောသည်။

          ၎င်းက ဆက်လက် ပြောကြားရာတွင် ယခုအခါ ၎င်းတို့ ဝ အဖွဲ့မှာ အလုပ်များလျက် ရှိကြောင်း၊ ဘိန်းစိုက်ပျိုးထားမှုများကို ဖျက်ဆီးထားခြင်း ရှိမရှိ တရုတ်အာဏာပိုင်များ လာရောက် စစ်ဆေးမည် ဖြစ်၍ ပြင်ဆင်လျက် ရှိကြောင်း ပြောခဲ့ပြီး မည်သို့ ပြင်ဆင်နေသည် ဆိုသည်ကိုမူ အကျယ်တဝင့် ပြောကြားခဲ့ခြင်း မရှိပါ။ သျှမ်းသံတော်ဆင့် သတင်းမှ ဖော်ပြရာတွင် လာမည့်ဇွန်လ ၂၆ ရက်နေ့တွင် နိုင်ငံတကာ မူးယစ်ဆေးဝါး အသုံးပြုမှုနှင့် တရားမဝင် ရောက်ဝယ်ရေး ဆန့်ကျင်ရေးကို ဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါး မီးရှို့ပွဲအတွက် ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။

          အဆိုပါ ဝ က ဆက်လက် ရှင်းပြရာတွင် ယခုအခါ တရုတ် အစိုးရ၏ အကူအညီဖြင့် ဘိန်းအစားထိုးအဖြစ် ရာဘာစိုက်ပျိုးရေး တိုးတက်အောင် ပြုလုပ်လျက် ရှိကြောင်း ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment