Transparency Myanmar

transparency.myanmar@gmail.com

The New York Times, 23rd June 2010

(Kwan Jin Yao, Singapore ၏ International Herald Tribune သတင်းစာ အယ်ဒီတာထံ ပေးစာ)

The New York Times သတင်းစာ June 19 နေ့စွဲပါ အောင်လင်းထွဋ်၏ "The Burma-North Korea axis" ဆောင်းပါးကို ဖတ်၍ အရှေ့တောင်အာရှ အသင်းကြီး (ASEAN) သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု မပြုလိုသော သဘောထား၊ နိုင်ငံရေးအရ ချုပ်ကိုင်နေမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေမှုများ အပေါ်တွင် များစွာ တာဝန်ခံရမည် ဖြစ်သည်။ မြန်မာနိုင်ငံအား ASEAN အဝန်းအဝိုင်းတွင် လက်ခံလိုက်ခြင်းသည် စစ်အစိုးရကို တရားဝင် အသိအမှတ် ပြုလိုက်သလို ဖြစ်သွားသည့် နည်းတူ၊ ASEAN က ၎င်း၏ သူတပါး ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို လိုက်နာနေမှုအားလည်း ပြန်လည် စဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။

Obama အစိုးရ၏ လက်တွေ့ကျသော ဆက်ဆံရေး မဟာဗျူဟာကို ဆက်လက် ကျင့်သုံးခြင်းသည် မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော ဗိုလ်ချုပ်များ၏ ရည်မှန်းချက်များကို ပိုမို ဖြစ်မြောက်ရေး လောင်စာ စွမ်းအင် ပေးသလိုသာ ဖြစ်နေပေမည်။ နိုင်ငံတကာနှင့် ဒေသတွင်း သံတမန်ရေးအရ ဖိအားပေးမှုများ ဖြေလျော့ပေးခြင်း မှန်သမျှသည်လည်း ၎င်းတို့ကို အားပေးသလိုသာ ဖြစ်ချေတော့မည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment