Transparency Myanmar

transparency.myanmar@gmail.com

The New York Times, 23rd June 2010

(Maurice Fitzgerald, Ireland ၏ Interantional Herald Tribune သတင်းစာ အယ်ဒီတာထံ ပေးစာ)

အပြန်အလှန် စွပ်စွဲမှုများစွာ ထွက်ပေါ်လာရသည့် အကြောင်းရင်း တရားခံမှာ အမေရိကန်တို့၏ အိပ်မက်ဆိုး၊ ပင်လယ်ပြင်မှ ရေနံကွက်ကြီးပင် ဖြစ်သည်။ သို့ရာတွင် ရေနံထွက်ပေါက်ကို ပိတ်ဆို့ရေး ဟူသော အခြေခံ ပြဿနာကို ဖြေရှင်းခြင်း မရှိဘဲ တရားမျှတမှု အတွက် အဖြေရှာရာတွင်သာ ခွန်အားကို အလွန်အကျွံ သုံးစွဲနေကြသည်။

ရေနံတူးစင် ပိုင်ရှင် Transocean နှင့် ငှားရမ်း သုံးစွဲသူ BP တို့သည် အပြန်အလှန် အပြစ်တင်ရန် အသည်းအသန် ကြိုးစားကာ ပင်ပေါင်ရိုက်တမ်း ကစားနေကြပြီး မီဒီယာများကို အသုံးချနေကြသည်။ ရေနံတူးစင်ပေါ်တွင် လုပ်ကိုင်နေသူကသာ ဖိအားပိုကြီးမည်မှာ အလွန် ရှင်းလင်းသည်။ ပင်လယ် ကြမ်းပြင်မှ ရေနံများကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ယူရန် ဖြတ်လမ်း နည်းလမ်း များစွာကို သုံးစွဲခဲ့လိမ့်မည်။ သို့သော်လည်း ယခုအချိန်အထိ အဖြေထွက်ပုံ မရကြသေးပါ။

ပြည်သူနှင့် သဘာဝ ပတ်ဝန်းကျင်၏ အကျိုးကို မကြည့်ဘဲ အမြတ်ထုတ်ရန်သာ ကြိုးစားနေသော ကော်ပရေးရှင်းကြီးများ၏ အစွန်းရောက် လောဘများကြောင့် အထက်ပါဖြစ်ရပ် ဇာတ်လမ်းမှ ထွက်လာသော အပုပ်နံ့သည် ကောင်းကင်ဘုံအထိ ရောက်အောင် ပျံ့နှံ့နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment