Transparency Myanmar

transparency.myanmar@gmail.com

APP, 1st July 2010

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates ၏ အနာဂတ်တွင် လာရောက် လည်ပတ်မည့် ခရီးစဉ် အတွက် ကြိုဆိုကြောင်း၊ တရုတ်စစ်တပ်မှ ကြာသပတေးနေ့က ပြောခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။ ယခုသတင်းမှာ ယခင်က လာရောက်လည်ပတ်ရန် စီစဉ်ထားပြီးမှ ဖျက်သိမ်းခဲ့ပြီး တစ်လအကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

"နှစ်ဖက်စလုံး အလုပ်ဖြစ်မယ့် အချိန်မှာ သူ့အနေနဲ့ တရုတ်ပြည်ကို လာရောက် လည်ပတ်မှာကို ကျွန်တော်တို့ ကြိုဆိုနေဆဲ ဖြစ်ပါတယ်" ဟု ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ ဒုတိယ အထွေထွေ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး Ma Xiaotian က ပြောကြားခဲ့ကြောင်း Xinhua သတင်းက ကိုးကား ဖော်ပြခဲ့သည်။

ယခုကဲ့သို့ သံလွင်ခက် ကမ်းလှမ်းမှုမှာ နှစ်ဖက် စစ်ရေးအရ တင်းမာမှုများကြောင့် ဇွန်လဆန်းတွင် Gates က ဖျက်သိမ်းရခြင်းမှာ ကာကွယ်ရေးဆိုင်ရာ ကိစ္စများတွင် PLA မှ ဆက်ဆံရေး ပြုလုပ်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အမေရိကန်က တိုင်ဝမ်သို့ လက်နက် ရောင်းချမှုကိစ္စ ထွက်ပေါ်ခဲ့ခြင်းကြောင့် တရုတ်က ကန့်ကွက်ခဲ့ပြီး၊ Gates ၏ ခရီးစဉ် ဖျက်သိမ်းမှုမှာ အမေရိကန် စစ်တပ်နှင့် ဖလှယ်ရေး အစီအစဉ်ကို နောက်ဆုတ်လိုက်ခြင်း ဖြစ်၍ စိတ်မသက်မသာ ဖြစ်မှုကို ပြသခဲ့သည်။

၎င်း၏ ခရီးစဉ် ဖျက်သိမ်းပြီးနောက် တရုတ် အရပ်ဖက် ပုဂ္ဂိုလ်များနှင့် စစ်ဖက် ခေါင်းဆောင်များကြားတွင် ကြီးမားသော သဘောထား မတူညီမှုများ ဖြစ်ပေါ်ခဲ့သည်ဟု Gates က ဆိုသည်။

၎င်း၏ အမြင်အရ ပြောရလျှင် တရုတ်နိုင်ငံ၏ နိုင်ငံရေး ခေါင်းဆောင်များ ထက်စာလျှင် PLA သည် စစ်တပ်ခြင်း ဆက်ဆံရေး တိုးတက်မှုအတွက် သိပ်စိတ်ဝင်စားပုံ မရသည်မှာ ပေါ်လွင်ကြောင်း Gates က ပြောသည်။

Gates သည် အာရှ ခရီးစဉ်၏ အစိတ်အပိုင်း တစ်ခု အဖြစ် Beijing သို့ သွားရောက် လည်ပတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment