Transparency Myanmar

transparency.myanmar@gmail.com

via မြန်မာဒီမိုကရေစီကွန်ဂရက် Myanmar Democracy Congress by MYANMAR DEMOCRACY CONGRESS on 7/4/10                                                          ( မြို.မကျောင်းသား )        

 တောင်းဆို ကြေငြာချက်များအား စစ်အစိုးရ သည် မည်သည့် အခါတွင်မျှ အကောင်အထည် ဖေါ်ပေးလေ့ မရှိ။ သို့သော်လည်း တောင်းဆိုချက်များကတော့ တွင်တွင်ကြီး ထွက်ပေါ်လာလေ့ ရှိသည်။ ကြာလာတော့ တောင်းဆိုချက်များကို ဘယ်တော့မှ လိုက်လျှောမည် မဟုတ်ကြောင်း ပြည်သူများကလည်း သိလာ၏။ မီဒီယာများကလည်း သိလာ၏။ နောက်ဆုံး တောင်းဆိုသူများ ကိုယ်တိုင်ကလည်း သိလာ၏။

တောင်းဆိုချက်များ ထုတ်ပြန်လျှင် မီဒီယာများကလည်း တောင်းဆိုချက်များ မရလျှင် ဘာလုပ်မည်လည်း ဟုလှည့်ပတ်ပြီး မေး၏။ ဖြေသူများကလည်း ထိုမေးခွန်းကို ဖြေရဖန် များ၍ လွန်စွာ ကျွမ်းကျင် နေကြပြီ။

အမှန်တရား အတိုင်း ဆောင်ရွက်ပေးရန် အစဉ်တစ်စိုက် တောင်းဆိုရမည် ဖြစ်သော်လည်း ဘာမှ လုပ်မပေးနိုင်မှန်း သိလျှက်နှင့် သမိုင်းတစ်ဖြတ်စာ အနှစ် ၂၀ ကျော် အစိတ်လောက် တောင်းဆိုရုံ သက်သက်ကတော့ လွန်ကဲသော ကိစ္စအဖြစ် သမိုင်းတွင် ကျန်ရစ်မည် သာဖြစ်၏ ။

ကြေငြာချက် သုံးမျိုး

ကြေငြာချက်များကို လေ့လာမိသမျှ ၃ မျိုး ရှိလေ၏။ တစ်မျိုးက ရုံးခန်းတွင်းမှ ကြေညာချက် ထုတ်ခြင်း ဖြစ်၏။ ရုံးခန်းထဲတွင် အစည်းအဝေးထိုင် ၊ ကြေညာချက်ထုတ်၊ ထိုကြေညာချက်အား မီဒီယာ နှင့် အင်တာဗျူး ကပ်သီးကပ်သပ် မေးခွန်းများအား လှည့်ပတ်ဖြေ ဒါက တစ်နည်း ဖြစ်၏။

နောက်တစ်မျိုးက လမ်းမပေါ် ထွက်၍ ကြေညာချက် ထုတ်ခြင်း ဖြစ်၏။ ရုံးခန်းတွင်းမှ ကြေညာချက် ထုတ်သူများ ကို အားမရသော တက်ကြွသူများက လမ်းမပေါ် ထွက်၍ ဆန္ဒပြကြ၏။ ကြေညာချက် ထုတ်၏ ၊ မီဒီယာများနှင့် အင်တာဗျူးသည် တောင်းဆိုချက်များ မရမခြင်း တိုက်ပွဲဝင်မည် ဟု မီဒီယာမှ တစ်ဆင့် ပြည်သူကို  ကတိပေး၏။  ပြီးတော့ ထောင်ထဲ သွားကြသည်။ ဒါက ဒုတိယနည်း ဖြစ်၏။ ခက်ခဲသော နိုင်ငံရေး စွန့်စားမှု ဖြစ်၏။ အလေးပြုထိုက်၏။

တတိယနည်းကတော့ လွတ်မြောက်နယ်မြေမှ ကြေညာချက်များ ဖြစ်သည်။ လွတ်မြောက်နယ်မြေ ဆိုမှတော့ အန္တရယ်နှင့် အလှမ်းဝေး၏။ အဖမ်းအဆီးက ဝေလာဝေး တောင်းဆိုချက် တစ်ခု မရလျှင် နောက်ထပ် တောင်းဆိုချက် တစ်ခုအတွက် ပြင်ဆင်ရသော အလုပ်သာ လျှင်ရှိ၏ ။ သူတို့က ရဲရဲတောက် အပြောဆုံး ဖြစ်သည်။

စတုတ္ထမြောက် ကြေညာချက်များကတော့ ထွန်းကားစ ပြုနေပြီ။ ကိုယ့်အချင်းချင်း ဒုက္ခပေးသော ကြေညာချက်များ ဖြစ်၏။ NLD နှင့်  NDF  တို.၏ ခမောက်လုပွဲ ကြေညာချက်မျိုး ဖြစ်သည်။ တိုင်းပြည်၏ အင်မတန် အရေးကြီးသော အချိန်တွင် တိုင်းရေးပြည်ရေး ဘာလုပ်မလဲ မဆွေးနွေး မတိုင်ပင်ကြဘဲ ခမောက်တစ်လုံးအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို တရားသူကြီး လုပ်ခိုင်းနေကြ၏။ အနှစ် ၂၀ ကျော် လက်တွဲ အလုပ်လုပ် လာခဲ့သော လူကြီးများ သဲကြီးမဲကြီး တိုက်ပွဲဝင် နေကြပြီ။

နောက်ဆုံး ဖြစ်နိုင်ဖွယ် ရှိသော ကြေညာချက်ကတော့ ကျွန်တော်တို့ အားလုံး မှားသွားပါတယ် ဟူသော ပဉ္စမမြောက် ကြေညာချက် ဖြစ်ဖို့ ရှိ၏ ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment