Transparency Myanmar

transparency.myanmar@gmail.com

DVB News,6th July 2010

ရှမ်းပြည်နယ်တွင် ခဲသတ္တု တူးဖော်ရန် ကန်ထရိုက် စာချုပ်ကို ကုမ္ပဏီ တစ်ခုမက လက်မှတ် ရေးထိုးကြခြင်းဖြင့် မြန်မာ့ အမြတ်အစွန်းရ နယ်ပယ်၏ ပုဂ္ဂလိကပိုင် ပြုလုပ်မှုကို နောက်တစ်ဆင့် တိုးလိုက်ပြီး မြန်မာ့စီးပွားရေး နယ်ပယ်တွင် ပြန့်နှံ့နေသော လမ်းကြောင်း ပုံစံကို ထိန်းသိမ်းလျက် ရှိသည်။

မြန်မာ့ စီးပွားရေး လောကကို အစုလိုက် အပြုံလိုက် ပြင်ဆင် ပြောင်းလဲမှုကို ပြုလုပ်နေဆဲ ဖြစ်ရာ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီများသို့ တန်းစီ ရောင်းချခြင်း၊ အပယ်ခံ နိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းတို့၏ နောက်ဆက်တွဲအဖြစ် အစိုးရ သတ္တုတွင်း ဝန်ကြီးဋ္ဌာနနှင့် Top Ten Manufacturing Co Ltd တို့အကြား သဘောတူညီမှုကို New Light of Myanmar သတင်းစာတွင် ယနေ့ ကြေညာခဲ့သည်။

ယခုနှစ် အစပိုင်းတွင် DELCO နှင့် ငွေခြသေ့င်္ ကုမ္ပဏီများက သံဖြူ၊ တန်စတင်၊ ဂရက်နိုက် တူးဖော်ရေး ဆိုင်ရာ အမြတ်အစွန်း ခွဲဝေရေး ကန်ထရိုက် စာချုပ်များကို လက်မှတ် ရေးထိုးခဲ့ကြပြီးနောက် ယခု Top Ten Stars ၏ ရင်းနှီးမြှုပ်နှံမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းကို မြန်မာ အစိုးရ၏ နိုင်ငံပိုင် သတ္တုတွင်း လုပ်ငန်း ၂ နှင့် ၃ တို့နှင့် ဖက်စပ် ရှယ်ယာ ထည့်ဝင်ကြမည် ဖြစ်သည်။

အမေရိကန်၏ ပိတ်ဆို့မှု စာရင်းဝင် အေရှားဝေါလ် ကုမ္ပဏီက ကချင်ပြည်နယ်ရှိ သတ္တုတွင်း များစွာကို လုပ်ကိုင်နေသလို၊ ယခင်လက ချုပ်ဆိုခဲ့သော အငြင်းပွားဖွယ် သဘော တူညီချက်အရ တရုတ်လက်နက် ကုမ္ပဏီကြီး Norinco ကလည်း စစ်ကိုင်းတိုင်းမှ အမြတ်အစွန်း များသော မုံရွာ ကြေးနီတွင်းကို တူးဖော်မည် ဖြစ်သည်။

မြန်မာအစိုးရ အတွက် ဝင်ငွေ ကြီးမားသော ရင်းမြစ် တစ်ခု ဖြစ်သည့် သတ္တုတွင်း လုပ်ငန်းသည် ယခင်နှစ် အတွင်း ပုဂ္ဂလိကပိုင် ပြုလုပ်မှုများကြောင့် အားကောင်းလာခဲ့ပြီး စစ်ဖက် အုပ်ချုပ်သူများနှင့် နီးစပ်သည့် မြန်မာ ကုမ္ပဏီများ၊ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ထိုင်းကုမ္ပဏီများကို ဦးစားပေးခဲ့သည့် လက္ခဏာ ရှိသည်။

၁၉၈၈ တွင် အဆိုပါ ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပထမဆုံး တံခါးဖွင့်ပေးခဲ့ရာ၌ နိုင်ငံတွင်း စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၈ % နှင့် ညီမျှသော အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ ခန့်ကို ပင်လယ်ရပ်ခြား ကုမ္ပဏီများက ထည့်ဝင် လုပ်ကိုင်ခဲ့ကြသည်။ အမေရိကန်နှင့် အီးယူ ပိတ်ဆို့မှုများက မြန်မာ့ သတ္တုတွင်း ကဏ္ဍကို ပစ်မှတ် ထားနေသည့်ကြားမှ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ အစိုးရက ကြေးနီနှင့် လက်နက် လဲလှယ်ခြင်း ပြုလုပ်ခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့ပြီးနောက် အငြင်းပွားဖွယ် Norinco နှင့် သဘောတူညီမှုကို ဖုံးအုပ်ထားခဲ့သည်။ ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ကြီးကြပ်မှုဖြင့် ချုပ်ဆိုခဲ့သော သဘောတူညီချက် မတိုင်မီ Norinco က မြန်မာအစိုးရအား အကြီးစား လက်နက်ကြီးများ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အမြတ်အစွန်း များသော လုပ်ငန်းများထဲတွင် ပါဝင်သည့် မုံရွာကြေးနီတွင်းသည် အမြင့်ဆုံး တစ်နှစ်လျှင် ကြေးနီ တန်ချိန် ၃၉၀၀၀ ထုတ်လုပ်လျက် ရှိသည်။ တစ်ချိန်တည်းတွင် နိုင်ငံမြောက်ပိုင်းမှ ကျောက်မီးသွေးတွင်း များမှာလည်း ယခင်နှစ်က တန်ချိန် ၂၃၄၀၀၀ ထုတ်လုပ်ခဲ့ကြောင်း Xinhua သတင်းက ဖော်ပြခဲ့ပြီး တရုတ်နှင့် အင်ဒိုနီးရှား ကုမ္ပဏီများက လွှမ်းမိုးထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် သယံဇာတ ကြွယ်ဝသော တိုင်းပြည်တစ်ခု ဖြစ်သော်လည်း အခြေခံ အဆောက်အဦး အားနည်းမှု၊ အစိုးရ၏ မှားယွင်းသော စီမံ ခန့်ခွဲမှုများကြောင့် ၎င်း အမြတ်အစွန်း ကြီးမားသော နယ်ပယ်သည် ယခုအချိန်အထိ စွမ်းအားပြည့် ထုတ်လုပ် ထုခွဲ ရောင်းချနိုင်ခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment