Transparency Myanmar

transparency.myanmar@gmail.com

ISN Security Watch, By Frank O' Donnell and Graham Ong, 7th July 2010

မြောက်ကိုရီးယား၏ ပုံမမှန်သော အစီအစဉ်များ ဆက်လက် လုပ်ဆောင်နေမှု တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာနိုင်ငံ၏ နျူကလီယာ လက်နက် အစီအစဉ် အပေါ် ပြုံးယမ်း၏ သံသယရှိဖွယ် ကူညီနေမှုနှင့် ပတ်သက်သည့် သတင်း အချက်အလက်သစ်များ ထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ "အလားအလာများ နျူကလီယာ ရည်မှန်းချက်များ" နှင့် ပြုံးယမ်းက သံသယဖြစ်ဖွယ် ပတ်သက် ရှုပ်ထွေးနေခြင်းမှာ အသစ်အဆန်းတစ်ခု မဟုတ်ပါ။ ၂၀၀၉ ခုနှစ်၊ နှစ်ကုန်တွင် ထုတ်ဝေသော မဟာဗျူဟာမြောက် အစီရင်ခံစာက မြန်မာနိုင်ငံ၏ အရပ်ဖက်သုံး နျူကလီယာ ဓာတ်ပေါင်းဖို ပိုင်ဆိုင်ရေး ရည်မှန်းချက်တွင် စစ်ဖက်ဆိုင်ရာ အသုံးပြုမှု တစ်စုံတစ်ရာ ရှိ/မရှိကို ဆုံးဖြတ်ရန် ကြိုးပမ်းထားသည်။

၂၀၀၂ ခုနှစ်က စ၍ ရုရှား အကူအညီဖြင့် တည်ဆောက်ရန် ကြိုးစားနေသော ၁၀ မဂ္ဂါဝပ် ရေချက် နည်းပညာသုံး ဓာတ်ပေါင်းဖိုသည် အခြေခံ နျူကလီယာ လက်နက် ထုတ်လုပ်ရန် အတွက် လက်နက်သုံး ပလူတိုနီယံ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ဖွယ် မရှိကြောင်း အစီရင်ခံစာ၏ အဓိက တွေ့ရှိချက်များတွင် ဖော်ပြထားသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ကြောက်ရွံ့နေသော စစ်ဖက် အစိုးရသည် အဘယ်ကြောင့် နျူကလီယာ လက်နက်နိုင်ငံ ဖြစ်ရန် ဆန္ဒ ရှိနေသနည်း ဆိုသော အကြောင်းရင်းကိုမူ ဖယ်ထုတ်နိုင်ခြင်း မရှိပါ။

နိုင်ငံတကာ၏ အတည်ပြုမှုကို မရရှိသော်လည်း မြန်မာနိုင်ငံကို ကူညီရန် ရုရှားက ကမ်းလှမ်းခဲ့ခြင်းမှာ စီးပွားရေး အကျိုးအမြတ်များ ရရှိရန် အဓိက ရည်ရွယ်ခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းကိစ္စနှင့် ပတ်သက်၍ အန္တရာယ်မရှိဟု ယူဆနိုင်သည်။ ထို့အပြင် ရုရှားတို့နှင့် ဆက်ဆံရေးမှာလည်း ရင်းနှီးသည့် လက္ခဏာ မရှိပါ။ မော်စကိုအား ငွေမာပေးချေရန် မြန်မာနိုင်ငံတွင် အခက်အခဲ ရှိနေပြီး၊ မြန်မာတို့၏ ကျွန်း၊ ဆန်၊ ရာဘာတို့နှင့် လဲလှယ်သည့် အစီအစဉ်ကိုလည်း ရုရှားက ငြင်းဆန်ခဲ့သည်။

ဤသည်မှာ မြောက်ကိုရီးယားတို့ ဝင်ရောက်လာရသည့် အကြောင်းရင်း ဖြစ်နိုင်သည်။ မြန်မာနိုင်ငံကို ပြုံယမ်းက ကူညီလိုခြင်းမှာ အကြောင်းရင်း ၃ ချက်ရှိသည်။ ပထမအချက်မှာ မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာ လက်နက်နှင့် ဒုံးကျည် စွမ်းရည်များကို အစိုးရ၏ ဝင်ငွေရင်းမြစ် အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အခြေခံ သယံဇာတများ မပြည့်စုံ ချို့တဲ့မှုကြောင့် လဲလှယ်ဖလှယ်ရန် ဆန္ဒရှိခြင်း ဖြစ်သည်။ တတိယအချက်မှာ ပြုံယမ်းက ၎င်းအတွက် အရံမဟာဗျူဟာမြောက် မဟာမိတ် ရှာဖွေလိုခြင်း ဖြစ်သည်။

ပြုံယမ်းသည် A Q Khan နျူကလီယာ ပြန့်ပွားရေး ကွန်ရက်တွင် ပါဝင်ခြင်းဖြင့် နိုင်ငံတကာ အဆက်အသွယ်များသို့ နျူကလီယာနှင့် ဒုံးကျည် ဗဟုသုတများကို လျှို့ဝှက် ပေးပို့နိုင်ပြီး၊ အကျိုးအမြတ်လည်း ရရှိသည်။ ဥပမာအားဖြင့် ပါကစ္စတန်က မြောက်ကိုရီးယား၏ ပူးပေါင်း ပါဝင်မှုဖြင့် ထုတ်လုပ်သော ၁၅၀၀ ကီလိုမီတာပစ် Ghauric ဒုံးကျည်သည် ဒီဇိုင်းအားဖြင့် မြောက်ကိုရီးယား၏ Nodong ဒုံးကျည်နှင့် သိသိသာသာကြီး ဆင်တူသည်။

A Q Khan ကွန်ရက်ကို ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့သည်။ ယခုအခါ အချို့နိုင်ငံများသည် A Q Khan ကွန်ရက် လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်မှု မရှိကြတော့ပါ။ သို့သော် A Q Khan ကွန်ရက် လက်ကျန် အဖွဲ့ဝင်များသည် သီးသန့် လွတ်လပ်စွာ လှုပ်ရှားနေခြင်းလား (သို့မဟုတ်) အဖွဲ့အနေနှင့်လား ဟူ၍မူ ရှင်းလင်းစွာ မသိရှိနိုင်ပေ။

သို့သော် ထင်ရှားသည့် အချက်မှာ ပြုံးယမ်းသည် နျူကလီယာ ပြန့်ပွားရေး ကွင်းဆက် ပြတ်မသွားအောင် တက်ကြွစွာ ကြိုးစားလျက် ရှိသည် ဆိုသည့် အချက်ဖြစ်သည်။ ပြုံးယမ်းသည် "Office 99" အမည်ရှိ စုစည်း ညှိနှိုင်းရေး အေဂျင်စီကို တည်ထောင်ပြီး အီရန်နှင့် ဒုံးကျည် နည်းပညာ ရောင်းဝယ်ရေးကို စီမံခန့်ခွဲသည်။ မြောက်ကိုရီးယားသည် ၂၀၀၇ ခုနှစ်က အစ္စရေးတို့ ဖျက်ဆီးခဲ့သော ဆီးရီးယား၏ Theal-Kibar လျှို့ဝှက် နျူကလီယာ ဓာတ်ပေါင်းဖို ဆောက်လုပ်ရာတွင် အနီးကပ် အကူအညီ ပေးခဲ့သည်။ အဆိုပါ ဖြစ်စဉ်များသည် A Q Khan နျူကလီယာ ပြန့်ပွားရေး ကွင်းဆက် ပြန်လည် ဖွဲ့စည်းရာတွင် ပြုံးယမ်း၏ အဓိက နေရာမှ လှုပ်ရှားနေမှုအား ညွှန်ပြနေခြင်းပင် ဖြစ်သည်။

အဓိက အန္တရာယ်မှာ မြောက်ကိုရီးယားသည် မြန်မာနိုင်ငံကို ရုရှား လုပ်မပေးနိုင်သော ကိစ္စကို လိုလိုလားလား ဖြည့်ဆည်းပေးလိုမှုပင် ဖြစ်သည်။ နည်းပညာ၊ သယံဇာတများနှင့် ကျွမ်းကျင်မှုများ ပေးခြင်းဖြင့် မြန်မာအစိုးရကို 25 MWE ထုတ်လုပ်နိုင်သော Yongbyon ဓာတ်ပေါင်းဖိုနှင့် ထူပြီး ပို၍ကြီးသော ဓာတ်ပေါင်းဖို ဆောက်လုပ်နိုင်မည် ဖြစ်သည်။ Yongbyon ဓာတ်ပေါင်းဖိုသည် မြောက်ကိုရီးယား နျူကလီယာ လက်နက် အစီအစဉ်၏ အဓိက ဖြစ်သည်။

ယခု တွေ့ရှိထားသော မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံကြား ဆက်သွယ်မှုများကို အလေးအနက် ထားသင့်သည်။ ထောက်လှမ်းရေး အေဂျင်စီများအနေနှင့် ဝီရိယ ရှိရမည်ဖြစ်ပြီး၊ တရားမဝင် နျူကလီယာ ပြန့်ပွားရေး အဆက်အသွယ်များ ရပ်ဆိုင်းရေး အတွက် ပြုလုပ်ကြရမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment