Transparency Myanmar

transparency.myanmar@gmail.com

Sanooaung.wordpress.com, By Aidila Razak, 7th July 2010

အခြေခံ ဒီမိုကရေစီ စံနှုန်းများကို လိုက်နာခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံအား အာဆီယံ အဖွဲ့မှ ထုတ်ပယ်ရန် မေတ္တာ ရပ်ခံလွှာကို မလေးရှား ပါလီမန်တွင် ယနေ့ တင်သွင်းခဲ့ကြသည်။

Asean Inter-Parliamentory Myanmar Caucus (AIPMC) မှ မလေးရှား ကိုယ်စားလှယ်များ၏ မေတ္တာရပ်ခံချက်တွင် စစ်ဖက် အစိုးရ၏ လာမည့် ရွေးကောက်ပွဲများကို အသိအမှတ် မပြုရန် မလေးရှား အစိုးရအား တိုက်တွန်းထားသည်။

"စစ်ဖက် အစိုးရက သူတို့ရဲ့ အုပ်ချုပ်ရေး ရေရှည် ခိုင်မြဲစေမယ့် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကြိုးစားနေတာကြောင့် ကျွန်မတို့ မြန်မာနိုင်ငံဟာ အခုအချိန်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်" ဟု AIPMC အဖွဲ့ဝင် ခင်ဥမ္မာက ပြောကြားသည်။

မလေးရှား အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီ အပေါ် ဆက်လက် ထောက်ခံ အားပေးသွားရန် အဆိုပါ မေတ္တာ ရပ်ခံလွှာတွင် တိုက်တွန်းထားသည်။

ထို့အပြင် စစ်ဖက် အစိုးရက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံကြရန်နှင့် မလေးရှားရှိ မြန်မာ ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အလုပ်သမားများကို အကာအကွယ် ပေးရန် ဆက်လက် တောင်းဆိုထားသည်။

စစ်ဖက် အစိုးရ ဆက်လက် အုပ်ချုပ်မှုသည် ၎င်း၏ ပြည်သူများ ပြည်ပသို့ ထွက်အောင် မောင်းထုတ်နေခြင်းသာ ဖြစ်၍ ယခု မေတ္တာရပ်ခံချက်ကို အားပေး ထောက်ခံခြင်းသည် မလေးရှား အစိုးရ၏ အကျိုးစီးပွားတွင် ပါဝင်သည်ဟု ခင်ဥမ္မာက ပါလီမန် ဧည့်ခန်းမတွင် သတင်းထောက်များအား ယနေ့ ပြောကြားခဲ့သည်။

"မြန်မာ နိုင်ငံသားတွေကို နိုင်ငံကနေ ထွက်ခွာအောင် အတင်း ဖိအားပေးနေတဲ့ အတွက် ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေ ပိုများလာပြီး မူးယစ်ဆေး မှောင်ခို ရောင်းဝယ်မှုလည်း ပိုများလာပါတယ်" ဟု မြန်မာ ဒီမိုကရေစီနှင့် တိုင်းရင်းသား အခွင့်အရေး လှုပ်ရှားမှု အုပ်စုတွင်လည်း နိုင်ငံခြားရေးရာ အဖွဲ့ဝင် အဖြစ် တာဝန်ယူထားသော ခင်ဥမ္မာက ပြောကြားလိုက်သည်။

မလေးရှားမှာ တာဝန်ရှိ

AIPMC ဒုတိယ ဥက္ကဋ္ဌနှင့် ဘာလစ်ပါလူး ပြည်နယ် လွှတ်တော် အမတ် Yusmadi Yusoff က "မလေးရှား နိုင်ငံသည် ယခုအခါ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် အဖွဲ့ဝင် ဖြစ်သောကြောင့် ယခု ပြဿနာကို ဆက်လက် ဖြေရှင်းသွားရန် တာဝန် ပိုရှိလာသည်" ဟု ဆက်လက် ပြောကြားသည်။

"မြန်မာနိုင်ငံ ကိစ္စကို ဂျီနီဗာမှာ တင်ပြဖို့ လက်ရှိ ခေါင်းဆောင်ပိုင်းကို ကျွန်တော် တောင်းဆိုပါတယ်။ ဒီလိုမှ မဟုတ်ရင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနဲ့ တွေ့တဲ့ အချိန်မှာ ပါလက်စတိုင်း ပြဿနာကို မတင်ပြ လိုက်ရတာမျိုး နောက်ထပ် အခွင့်အလမ်း တစ်ခု ဆုံးရှုံးသွားမှာပါ" ဟု ၎င်းက ပြောဆိုခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment