Transparency Myanmar

transparency.myanmar@gmail.com

Ttgtravelhub.net, 16th July 2010

ထိုင်းနိုင်ငံ အခြေစိုက် KR Commercial and Property ကုမ္ပဏီ၏ လုပ်ငန်းခွဲ Pearl Lagura အပန်းဖြေ လုပ်ငန်းသည် အမေရိကန် ဒေါ်လာ ၁၅ သန်း ကုန်ကျမည့် ကြယ်ငါးပွင့် ဟိုတယ် တစ်ခုကို မြန်မာနိုင်ငံ တောင်ဖက်တွင် တည်ဆောက်လျက် ရှိသည်။

၂၀၁၂ ဒီဇင်ဘာလ ၎င်းဟိုတယ် ဖွင့်လှစ်သည့် အခါ တနင်္သာရီတိုင်းတွင် အကြီးဆုံး အပန်းဖြေ ခရီးသွား စီးပွားလုပ်ငန်း ဖြစ်လာလိမ့်မည်။ မြိတ်မြို့နယ် အတွင်း တည်ရှိသော အမည် မပေးရသေးသည့် အပန်းဖြေ ဟိုတယ်ကို အပိုင်းလိုက် ဖွင့်လှစ်သွားမည် ဖြစ်သည်။ အခန်း ၆၀ ခန့်ကို ပထမ ဖွင့်လှစ်မည် ဖြစ်ကာ ဒုတိယ အဆင့် အခန်း ၄၀ ကို ဆက်လက် ဆောက်လုပ်မည် ဖြစ်ပြီး လာမည့်နှစ်တွင် စတင်မည်ဟု ဆိုသည်။

၎င်းအပန်းဖြေ ဟိုတယ်တွင် Standard, Suite နှင့် Superior Suite အခန်း သုံးမျိုး သုံးစား ပါဝင်ပြီး ညီလာခံ ခန်းမ၊ အစည်းအဝေးခန်းများ၊ စားသောက်ဆိုင်များ၊ ရေကူးကန်၊ အားကစား ခန်းမ၊ ဈေးဝယ်စင်တာနှင့် အခွန်လွတ် အရောင်းဆိုင်များလည်း ပါဝင်သည်ဟု သိရသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment