Transparency Myanmar

transparency.myanmar@gmail.com

Times of India, 24th July 2010

      အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးကို ထိခိုက်မှုများ ဖြစ်ရကြောင်း တာဝန်ပြီးဆုံးတော့မည့် ကုလသမဂ္ဂ သံတမန် တစ်ဦးက ပြစ်တင်ဝေဖန်လိုက်သည်။ အထူးသဖြင့် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့ ကဲ့သို့သော အဓိက အရေးကိစ္စများတွင် ဘာမျှမလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ၎င်း၏လက်ထက်တွင် ကမ္ဘာ့အဖွဲ့အစည်းကြီး၏ တာဝန်ယူမှု အပိုင်းများ လျော့နည်းလာခဲ့ကြောင်း ဆိုသည်။

      Inga-Britt Ahlenius သည် အသက် ၇၂ နှစ် အရွယ်ရှိ ဆွီဒင်လူမျိုး စာရင်းစစ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး၊ ပြီးခဲ့သည့် အပတ်က အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်ခံရုံး ဖြစ်သော Office of Internal Oversight Services (OIOS) ထွက်ခဲ့သူ တစ်ဦးဖြစ်ပြီး စာမျက်နှာ ၅၀ ပါ ရုံးတွင်း မှတ်စုတစ်ခု ရေးသားခဲ့သည်။ အဆိုပါစာတွင် ဘန်ကီမွန်းသည် သူမ၏ရုံးတွင် ဝင်ရောက် စွက်ဖက်မှုများ ရှိပြီး၊ သူမ၏ ရုံးဝန်ထမ်း ခန့်အပ်မှုများတွင် ပိတ်ပင်မှုများ ရှိခဲ့သည်ဟု စွပ်စွဲထားသည်။

      "သင်၏ အပြုအမှုများသည် အလွန်တရာ ဆိုးဝါးသော အခြေအနေတွင် ရှိသည်။ သင့်၏ အပြုအမူများမှာ နမူနာ ပြစရာ မရှိပဲ၊ သင့်အတွက် ရှက်စရာ ကောင်းသည်ဟု ကျွနိုပ် ခံယူသည်" ဟု ရေးသားထားသည်။ "ပြောရမှာတော့ ဝမ်းနည်းပါသည်။ အတွင်းရေးမှူးချုပ်မှာ ပျက်စီးရာ လမ်းစဉ်ကို သွားနေပါသည်" ဟု ဆိုထားသေးသည်။

      အဆိုပါ စိတ်ဆိုးမာန်ဆိုး ရေးထားသော စာအား လူသိရှင်ကြား ထုတ်ပြန်ခဲ့ရာ၊ ဘန်ကီမွန်း၏ အရာထမ်းချုပ် Vijay Nambiar က အဆိုပါစာမှာ မျှတမှု မရှိကြောင်း ပြောကြားခဲ့သည်။

      Ahlenius က ပြောကြားရာတွင် ဘန်ကီမွန်း၏ သတင်းပေါက်ကြားမှုများကို အကာအကွယ် ပေးမှုမှာ စိုးရိမ်စရာ ပိုကောင်းကြောင်းနှင့် ကုလသမဂ္ဂ အတွင်းတွင် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခု စင်ပြိုင်ထောင်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment