Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်သည့် Air Mandalay (အဲယား မန္တလေး) က လေယာဉ်များ အကြီးစား ပြင်ဆင်မှု ပြုလုပ်ရန် လေကြောင်း ခရီးစဉ်များကို ရပ်ဆိုင်းထားကြောင်း အဲယား မန္တလေးနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။

အဲယား မန္တလေး လေကြောင်း ကုမ္ပဏီသည် လေကြောင်းလိုင်းပိုင် လေယာဉ်များ အန္တရာယ် ကင်းရှင်းစွာ ပျံသန်းနိုင်ရေးအတွက် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် လတ်တလော လေကြာင်း ခရီးစဉ်များ ရပ်ဆိုင်းထားရုံ သာမက လာမည့် အောက်တိုဘာတွင် စတင်မည့် ခရီးသွား ရာသီအတွက် လေယာဉ်သစ်များ ထပ်မံ ဝယ်ယူရန်လည်း စီစဉ်လျက် ရှိသည်ဟု သတင်း ရင်းမြစ်များက ဆိုသည်။

အဲယားမန္တလေး လေကြောင်းကို ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် စတင် ထူထောင်ခဲ့ပြီး ပြည်တွင်း ခရီးစဉ်များကို ATR-42 နှင့် ATR- 72 အမျိုးအစား လေယာဉ်များဖြင့် ပြေးဆွဲ ပျံသန်းခဲ့သည်။ ခရီးစဉ်များမှာ ရန်ကုန် မှ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ စစ်တွေ၊ ငပလီ၊ သံတွဲ၊ မြိတ်နှင့် ကော့သောင်းတို့ ဖြစ်သည်။

အဲယား မန္တလေးသည် ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ATR- 42 အမျိုးအစား လေယာဉ်များဖြင့် ပျံသန်းခဲ့ဖူးသော်လည်း စက်ပစ္စည်းနှင့် နည်းပညာ ချို့ယွင်းမှုများကြောင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ သြဂုတ်လမှ စကာ ယနေ့ အချိန်အထိ ပျံသန်းမှု ရပ်ဆိုင်းထားသည်။

ပြည်တွင်းလေကြောင်း အာဏာပိုင်များ၏ အဆိုအရ မြန်မာနိုင်ငံတွင် အဲယားမန္တလေး အပါအဝင် ပြည်တွင်း လေကြောင်းလိုင်း လေးခု ပြေးဆွဲ ပျံသန်းလျက် ရှိသည်။ ၎င်းတို့မှာ နိုင်ငံပိုင် မြန်မာ့အဲယားဝေး၊ ရန်ကုန် အဲယားဝေးနှင့် အဲယားပုဂံ လေကြောင်းတို့ ဖြစ်သည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment