Transparency Myanmar

transparency.myanmar@gmail.com

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ပင်ထားမှုသည် သောင်ရင်းမြစ်အတွင်း ထိုင်းနိုင်ငံဘက် အခြမ်း၌ တာမံများ တည်ဆောက်မှု ဆိုင်ရာ
အငြင်းပွားမှုကြောင့် မဟုတ်ဘဲ မြန်မာပြည်တွင်း ပဋိပက္ခများကြောင့် ဖြစ်နိုင်ဖွယ် ရှိကြောင်း ထိုင်း-မြန်မာ နယ်စပ်ဒေသ ဆိုင်ရာ ကော်မတီ (TMTBC) ၏ ဥက္ကဋ္ဌ  ဗိုလ်မှူးကြီး Padung Yingpaiboonsuk က ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ  ပင်မ စစ်ဆေးရေးဂိတ် ပိတ်ပင်လိုက်သည့် အချိန်မှ စ၍ ကုန်သွယ်ရေး ဆောင်ရွက်ချက်များ ရပ်ဆိုင်းခဲ့ရပေရာ ထိုင်း-မြန်မာ နှစ်နိုင်ငံမှ ပြည်သူများ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော တင်းမာမှုများ မကြာမီ လျော့ကျသွားမည်ဟု မျှော်လင့်ရသည်။

မည်သို့ပင်ဆိုစေ ထိုင်းနိုင်ငံ အနေဖြင့် အဆိုပါ နယ်စပ်ဂိတ် ပိတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ မပြုလုပ်ဘဲ ရိုးစင်းမှု၊ တည်ငြိမ် အေးချမ်းမှု ဖြစ်ပေါ်အောင်သာ ထိန်းသိမ်း ထားသင့်သည်ဟု ဗိုလ်မှူးကြီး Padung Yingpaiboonsuk က ပြောသည်။

ဗိုလ်မှူးကြီး Padung က မြန်မာ စစ်အစိုးရနှင့် ကရင် ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် တပ်ဖွဲ့ (DKBA) အကြား ဖြစ်ပေါ်လျက် ရှိသော အချင်းများမှုများကို မြန်မာနိုင်ငံတွင်း ပဋိပက္ခဟု သတ်မှတ် ပြောဆိုသည်။ မြန်မာ စစ်တပ်က DKBA အနေဖြင့် နယ်စပ် ဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး ၎င်း၏ လက်အောက်သို့ ဝင်ရောက် လာရေး အလို့ငှာ DKBA က ထိန်းချုပ်ထားသည့် နယ်မြေများကို ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

မည်သို့ပင်ဖြစ်စေ အကယ်၍ မြန်မာပြည်တွင်း ပဋိပက္ခများ ပိုမို မြင့်မားလာပါက ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနှင့် အခြား တိုင်းရင်းသား လူမျိုးစု ဒုက္ခသည်များအတွက် နေထိုင်စရာ အပါအဝင် အထောက်အပံ့များ ပေးသွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

Democrary For Burma မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment