Transparency Myanmar

transparency.myanmar@gmail.com

todayonline.com, 30th July 2010

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးကပြောသည်။ နှစ်နိုင်ငံကြား နျူကလီယာနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုများ ရရှိနိုင်ကြောင်း အနောက်နိုင်ငံများက စိုးရိမ် ပူပန်နေချိန်တွင် ယခုကဲ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီး Pak Ui Chan သည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံနိုင်ရန် ယနေ့ နေပြည်တော်သို့ သွားရောက်လိမ့်မည်ဟု မြန်မာ တာဝန်ရှိသူက ဆိုသည်။

Pak ၏ အစီအစဉ်များ အတွက် အသေးစိတ်ကို မသိရှိနိုင်သော်လည်း၊ မြန်မာနိုင်ငံတွင် တနင်္ဂနွေနေ့ အထိ နေထိုင်လိမ့်မည် ဟု မျှော်လင့်ရသည်။

မြောက်ကိုးရီးယားမှ မြန်မာနိုင်ငံသို့ စစ်သုံး ပစ္စည်းများ ပေးပို့ခဲ့သော သတင်းများ အတွက် ပြီးခဲ့သော အပတ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က စိုးရိမ် ပူပန်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ပြုံးယမ်း၏ အကူအညီဖြင့် နျူကလီယာ လက်နက် အစီအစဉ်များ စတင်နေကြောင်း DVB ၏ သတင်းမှတ်တမ်း စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာအစိုးရက ငြင်းဆိုခဲ့သည်။

DVB မှ လွှင့်ထုတ်သော သတင်း မှတ်တမ်းကားတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ၏ အစိုးရ၏ နျူကလီယာ ရည်မှန်းချက်များနှင့်  မြောက်ကိုးရီးယား အကူအညီဖြင့် ဆောက်လုပ်နေသော လျှို့ဝှက် ဥမင်လိုဏ်ခေါင်းများနှင့် ပတ်သက်သော ထွက်ဆိုချက်များ၊ ထောင်ပေါင်းများစွာသော ဓာတ်ပုံများ ပါဝင်သည်။

တစ်ချိန်တည်းမှာပင် ယမန်နေ့က မြောက်ကိုးရီးယားသည် တရုတ်နှင့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို လက်မှတ်ရေးထိုးခဲ့သည်။

အကယ်၍ Beijingက ကြီးမှူး ကျင်းပသည့် ခြောက်နိုင်ငံ နျူကလီယာ လက်နက် ဖျက်သိမ်းရေး အစည်းအဝေးသို့ ပြန်လာရန် မြောက်ကိုးရီးယားက သဘောတူခဲ့ပါလျှင် တရုတ် အနေဖြင့် စီးပွားရေး အကူအညီများ ပိုပေးရန် အဆိုပြုမည်ဟု တရုတ်က စဉ်းစားလျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment