Transparency Myanmar

transparency.myanmar@gmail.com

AFP, 31st July 2010

မြန်မာနိုင်ငံတွင် စစ်ဖက် အစိုးရက ကျူးလွန်ဖွယ် ရှိသော ရာဇဝတ်မှုများနှင့် လူသားထု အပေါ် ကျူးကျော်သော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် ကုလသမဂ္ဂ အထူး ကော်မရှင် ဖွဲ့စည်းရေးကို အားပေး ထောက်ခံရန် အမေရိကန် အထက်လွှတ်တော် အမတ် ၃၂ ဦးက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို သောကြာနေ့တွင် တိုက်တွန်းခဲ့ကြသည်။

အမေရိကန် အစိုးရ အနေဖြင့် အရေးယူမှုနှင့် ညှိနှိုင်း ဆွေးနွေးမှုကို ပူးတွဲ၍ ဆက်လက် ကျင့်သုံးနေချိန်တွင် မြန်မာပြည်သူများ အပေါ် မိမိတို့ ကတိပြုထားသော ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဥပဒေ စည်းကမ်းများနှင့် ပတ်သက်၍ မြန်မာ အစိုးရကို လှုံ့ဆော် စည်းရုံးရာတွင် အဆိုပါ ကော်မရှင်က အကူအညီ ပေးနိုင်လိမ့်မည်ဟု မိမိတို့ ယုံကြည်သည်ဟု အမတ်များက ရေးသားထားသည်။

ဒီမိုကရက်တစ် လွှတ်တော် အမတ် Dianne Feinstein နှင့် ရီပတ်ဘလီကန် လွှတ်တော် အမတ် Judd Gregg တို့ ဦးဆောင်သော လွှတ်တော် အမတ် အုပ်စုက "ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် အနေဖြင့် မြန်မာနိုင်ငံမှ တပုံစံထဲသော လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများကို ပြသနေသည့် အစီရင်ခံစာ များစွာကို လေ့လာရန် လိုအပ်သည်" ဟု ပြောကြားခဲ့သည်။

ကလေး စစ်သား အသုံးပြုခြင်း၊ တိုင်းရင်းသား လူမျိုးများကို နေရာ ဖယ်ခိုင်းခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ မုဒိန်းမှုကို စစ်လက်နက် တစ်ခုသဖွယ် အသုံးပြုခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊ အဓမ္မ ခိုင်းစေခြင်း စသော ဖြစ်ရပ်များကို ၎င်းတို့က ရည်ညွှန်း ကိုးကားခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအရာရှိ Tomas Quintana မြန်မာနိုင်ငံသို့ အစောပိုင်းက သွားရောက်ခဲ့ပြီးနောက် လုံခြုံရေး ကောင်စီသို့ မတ်လ အတွင်း အစီရင်ခံစာ တင်သွင်းရာတွင် အဆိုပါ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် တောင်းဆိုခဲ့ခြင်းကိုလည်း လွှတ်တော် အမတ်များက ထည့်သွင်း ဖော်ပြသည်။

အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက အဆိုပါ နိုင်ငံကို ယခုတိုင် Burma ဟုသာ ခေါ်ဝေါ် သုံးစွဲလေ့ ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment