Transparency Myanmar

transparency.myanmar@gmail.com

AFP, 31st July 2010

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ဖြစ်လာရန် ဂျပန်နိုင်ငံ၏ ရှေ့သို့ ကျော်တက်ခဲ့သည်ဟု ဗဟိုဘဏ် ဝါရင့် အရာရှိ တစ်ဦးက သောကြာနေ့က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ အစိုးရ နိုင်ငံခြားငွေ လဲလှယ်ရေး အုပ်ချုပ်မှုဌာန (SAFE) အကြီးအကဲ ရီဇိုင်းက ကိန်းဂဏန်းများ အပေါ် မည်သို့ မည်ပုံ တွက်ချက်ခဲ့သည် ဆိုသည်ကို ရှင်းပြခြင်း မရှိဟု SAFE ဝက်ဘ်ဆိုက်တွင် တင်ထားသော မှတ်ချက်များအရ သိရှိရသည်။

"အခုဆိုရင် တရုတ်နိုင်ငံဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ဖြစ်သွားခဲ့ပါပြီ" ဟု ရီဇိုင်းက "တရုတ် ပြုပြင် ပြောင်းလဲမှု မဂ္ဂဇင်း" နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ဒေါ်လာ ၅၈၆ ဘီလျံ တန်ဖိုးရှိ စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်ဖြင့် ပံ့ပိုးခြင်း၊ နိုင်ငံပိုင်ဘဏ်များမှ ချေးငွေ ထုတ်ပေးခြင်းတို့ကြောင့် ကမ္ဘာ့ ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ကာ အင်အားကြီးလာခဲ့ပြီး၊ ယခုနှစ် ဒုတိယ လေးလပတ်တွင် ၁၀.၃ %၊ ပထမ နှစ်ဝက်တွင် ၁၁.၁ % စီးပွားရေး တိုးတက်ခဲ့သည်။

ယခုနှစ် ပထမ ၆ လ အတွင်း တရုတ်နိုင်ငံ၏ အသားတင် ပြည်တွင်း ထုတ်လုပ်မှု GDP သည် ယွမ်ငွေ ၁၇.၂၈၄ ထရီလီယံသို့ ရောက်ရှိခဲ့သည်ဟု အမျိုးသား စာရင်းအင်း ဗျူရိုမှ ရရှိသော ကိန်းဂဏန်းများအရ သိရှိရသည်။ ၎င်းပမာဏကို ဗဟိုဘဏ်က အသုံးပြုနေသော လစဉ် ပျမ်းမျှ ငွေလဲနှုန်းဖြင့် တွက်ချက်ပါက ဒေါ်လာ ၂.၅၃၂၄ ထီရီလီယံ ရှိသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံက ၎င်း၏ ပထမ နှစ်ဝက် ဂျီဒီပီ GDP ကိန်းဂဏန်းများကို သြဂုတ် လလယ်တွင် ထုတ်ပြန်မည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment