Transparency Myanmar

transparency.myanmar@gmail.com

Assam Tribune, 4th August 2010

လက်နက်များသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များကို ဖြတ်၍ တရားမဝင် ရောင်းဝယ်နေသည်ဟု ထောက်လှမ်းရေး သတင်းများက ဆိုကြောင်း ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး P Chidambaram က ယနေ့ ဝန်ခံ ပြောကြားလိုက်သည်။

"ဒီနယ်စပ်တွေမှာ အလွယ်တကူ ရောင်းဝယ်နိုင်ပါတယ်။ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကတော့ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း လုပ်ဆောင်နေပါတယ်။ အဲဒီမှာ နယ်စပ် ဖြတ်ကျော် လက်နက် ရောင်းဝယ်တဲ့ လျှို့ဝှက် အဖွဲ့အစည်းတွေ ရှိတယ်ဆိုတဲ့ သာဓကတွေ ရှိပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေ မှောင်ခိုတွေ၊ အဲဒီ လျှို့ဝှက် အဖွဲ့တွေ ကြားမှာ လက်ရှိ ရုန်းကန် တိုက်ခိုက်နေရပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေက အောင်မြင်ပါတယ်။ ဒါပေမယ့် အဆိုပါ ကိစ္စတွေ တစ်ခါတစ်ရံ ဖြစ်နေတုန်း ဆိုတာလည်း မှန်ပါတယ်'' ဟု ပြည်ထဲရေး ဝန်ကြီးက Rajya Sabha တွင် မေးမြန်းထားမှုအား ပြန်လည် ဖြေကြားခဲ့သည်။

BSF သည် နယ်နိမိတ် ဖြတ်၍ လျှို့ဝှက်အဖွဲ့များနှင့် ဆက်ဆံရာတွင် လက်နက်ပြည့်စုံပြီး၊ အသေအချာ လေ့ကျင့်ထားသော အဖွဲ့ဖြစ်သည်။ အစိုးရ၏ အာသံ သေနတ်ကိုင် တပ်ရင်းသည် ရှေ့မြောက် ပြည်နယ်များတွင် နေရာယူထားသည်။ ၎င်းသည် အိန္ဒိယ တပ်မတော်၏ အစိတ်အပိုင်း ဖြစ်ပြီး လက်နက် ပြည့်စုံပြီး၊ လေ့ကျင့်ထားသော တပ်ရင်း ဖြစ်သည်ဟု ၎င်းက မြင်သည်။

နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို စိတ်ဝင်စားသည် ဆိုသော်လည်း၊ ထိုဒေသများတွင် လိုအပ်သည်ထက် ပိုမို လုပ်ဆောင်ရန် လိုအပ်သည်။ ထိုဒေသများသည် အလွန် ဝေးလံပြီး ဆက်သွယ်ရေး ခက်ခဲလှသည်။ ထိုအကန့်များ ရှိနေသော်လည်း လမ်းဖောက်ခြင်း၊ နယ်စပ်မြို့ တည်ထောင်ခြင်းနှင့် တိုးတက်အောင် ကြိုးစား လုပ်ဆောင်လျက် ရှိနေသည်။ သို့မှသာ နယ်စပ်အား လုံခြုံရေးနှင့် အသေအချာ စောင့်ကြည့်ရေးကို ပြုလုပ်နိုင်မည် ဖြစ်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တွင် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း မရှိပေ။ ထိုနေရာများသည် ဝေးလံ ခေါင်းပါးပြီး၊ ခက်ခဲသော အခြေအနေတွင် ရှိသည်။ ထိုဒေသများတွင် တရားမဝင် လုပ်ဆောင်မှုများ အလွယ်တကူ လုပ်နိုင်သည်ဟု Chidambaram က ဆိုသည်။

သို့သော်လည်း BSF နှင့် အစိုးရတပ်ကြား ပစ်ခတ်မှု မရှိအောင် ထိန်းသိမ်းထားနိုင်သည်။ ဖမ်းဆီး ထိန်းသိမ်းမှု အများအပြား ရှိပြီး၊ လူပေါင်းများစွာ အဖမ်းခံကြရသော်လည်း အချို့လက်နက်များ နယ်စပ်ကို ဖြတ်၍ ရောင်းဝယ်ဆဲ ဖြစ်သည်ဟု ထောက်လှမ်းရေး သတင်းများက ဆိုသည်။

သူပုန်များ ပူးပေါင်းထားသော အဖွဲ့နှင့် တရုတ်နိုင်ငံအကြား ဆက်သွယ်မှုများကိုမူ မတွေ့ရကြောင်း ပြည်နယ် ပြည်ထဲရေး ဝန်ကြီး M Ramachandran က ပြောသည်။ သို့သော် အချို့ အိန္ဒိယ သူပုန် အုပ်စုများသည် အိမ်နီးချင်း တိုင်းပြည် အချို့တွင် စခန်း ထူထောင်၍ လက်နက်များ ရောင်းဝယ်နေသည်ကို အိန္ဒိယ အစိုးရက သိရှိသည်ဟု ဆိုသည်။ အဆိုပါ ကိစ္စများကို နှစ်နိုင်ငံ ဆွေးနွေးပွဲများတွင် အမြင်ချင်း ဖလှယ်ကြကြောင်း ဝန်ကြီးက ပြောသည်။

တစ်ချိန်တည်းမှာပင် ISI နှင့် Naxals သည် အရှေ့မြောက် ပြည်နယ်များတွင် အခြေချမှု အသစ်များ ထူထောင်နေကြောင်း သတင်းများကို ပြည်ထောင်စု အစိုးရက ငြင်းဆန်သော်လည်း ဗဟို အစိုးရက CPI (Maoists) သည် ဒေသတွင်း သူပုန် ပူးပေါင်းအဖွဲ့များနှင့် အဆက်အသွယ် ထူထောင်ရန် ကြိုးစားနေကြောင်း သတင်းကို ဝန်ခံခဲ့သည်။

Rajya Sabha တွင် Biren Baishya ၏ မေးခွန်းကို ပြည်နယ် ပြည်ထဲရေး ဝန်ကြီး Ajay Maken က ဖြေကြားရာတွင် ပြည်နယ်အတွင်း Naxal ၏ လှုပ်ရှားမှုနှင့် ပတ်သက်သော အရေးကိစ္စများကို ကိုင်တွယ်ရန် ပြည်နယ် အစိုးရများသည် အမြဲ အသင့်ရှိနေကြောင်း ဆိုသည်။

Kumar Deepak Das ၏ ISI သည် သူပုန် ပူးပေါင်းအဖွဲ့နှင့် အဆက်အသွယ် ထူထောင်နေကြောင်း မေးမြန်းမှုအား ပြည်နယ် ပြည်ထဲရေး ဝန်ကြီး M Ramachandran က သီးခြား ဖြေကြားရာတွင် NER တွင် လှုပ်ရှားနေသော မြေအောက်အဖွဲ့ အချို့သည် ပါကစ္စတန်၏ ISI နှင့် ဆက်သွယ်ရေး လမ်းကြောင်း ထူထောင်ပြီး ဖြစ်ကြောင်း သတင်းများ ရရှိခဲ့သည်ဟု ဆိုသည်။

သတင်းများ၏ အဆိုအရ Tripura တွင် ISI အေးဂျင့်ဟု သံသယရှိသူ ပါကစ္စတန် နိုင်ငံသား တစ်ဦးကို အခြား ခြောက်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရသည်။ အာသံတွင် ISI ဆဲလ်တစ်ဦးအား ဇူလိုင်လ (၁၀) ရက်နေ့က ဖမ်းဆီးရမိသည်ဟု ၎င်းက သတင်းပေးသည်။

သို့သော် ဝန်ကြီးက ပြောကြားရာတွင် အကြမ်းဖက် ပူးပေါင်းအဖွဲ့မှ ကေဒါများသည် အရှေ့မြောက် ဒေသတွင် ပြဿနာ ဖန်တီးရန် အိန္ဒိယသို့ စိမ့်ဝင်လာခြင်း ရှိသည် ဟူသော သတင်းများကို မည်သည့် နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီထံမှမျှ မရရှိခဲ့ကြောင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment