Transparency Myanmar

transparency.myanmar@gmail.com

AFP, 6th August 2010

နျူကလီယာ စွမ်းအင်နှင့် နည်းပညာ မျှဝေရန် ဗီယက်နမ်နိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု အမေရိကန် ပြည်ထောင်စုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သော်လည်း ယူရေနီယံ ကိုယ်တိုင် သန့်စင်မှုကို ဟနွိုင်းအား ခွင့်ပြုရန် ဆွေးနွေးနေခြင်း ရှိ/မရှိကိုမူ ပြောကြားရန် ငြင်းဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဗီယက်နမ်သည် အရပ်ဖက် နျူကလီယာ နည်းပညာနှင့် သက်ဆိုင်သည့် ၁-၂-၃ စေ့စပ်မှုဟု ခေါ်ဝေါ်သည့် တွေ့ဆုံ ညှိနှိုင်းမှုကို ပြုလုပ်နေသည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ Philip Crowley က သတင်းထောက်များအား ပြောကြားသည်။

နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှု အတွက် ယူရေနီယံ သန့်စင်မှုနှင့် အလဲအလှယ် လုပ်ရန် လိုအပ်နေသော အရှေ့အလယ်ပိုင်း အမေရိကန် မိတ်ဆွေများ အပေါ် ချမှတ်ထားသည့် ပိုမို တင်းကျပ်သော တောင်းဆိုမှုများကို လျော့ပေါ့ပေးဖွယ် ရှိသည်ဟု ကွန်ဂရက် ဆန်းစစ်သူများက ပြောကြားခဲ့ကြောင်းကို Wall Street ဂျာနယ်က အစောပိုင်းတွင် ဖော်ပြခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု UAE တို့သည် အဆိုပါ သဘောတူညီချက်ကို ယခင်နှစ် ဇန်နဝါရီလက လက်မှတ် ရေးထိုးခဲ့ကြသည်။

ဗီယက်နမ် မြေပေါ်တွင် ယူရေနီယံ သန့်စင်ရေးနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ဟနွိုင်းတို့ ဆွေးနွေးနေခြင်း ရှိ/ မရှိကို ပြောကြားရန် ငြင်းဆိုခဲ့ခြင်းမှာ ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်သောကြောင့်ဟု Crowley က ဆိုသည်။

နိုင်ငံခြားရေး မူဝါဒ ရည်ရွယ်ချက် အဖြစ် Crowley က "ဗုံးပြုလုပ်နိုင်သည့် အဆင့် ယူရေနီယံ ပျံ့နှံ့မှုကို တားဆီးရန် ကြိုးပမ်းသည့် အနေဖြင့် ကမ္ဘာပေါ်တွင် ယူရေနီယံ သန့်စင်သည့် တိုင်းပြည် အနည်းငယ်ကိုသာ မြင်တွေ့လိုသည်" ဟု Crowley က ပြောကြားခဲ့သည်။

"ယူရေနီယံ သန့်စင်မှု အပေါ်မှာ အာမခံချက် ရှိတဲ့ နိုင်ငံတကာစနစ် တစ်ခု ပေါ်ပေါက်လာဖို့နဲ့ သင့်လျော်တဲ့ နိုင်ငံတကာ ကြီးကြပ်မှု အောက်မှာ ထားရှိတာကို ကျွန်တော်တို့ အတိအကျ တွေ့မြင်ချင်ပါတယ်" ဟု Crowley က ဆိုသည်။

စေ့စပ်ရေးမှူးများသည် ယခင် စစ်ဆေးကာလ ရန်သူ ဗီယက်နမ်အပေါ် အပြည့်အဝ နျူကလီယာ ပူးပေါင်း ဆောင်ရွက်ရေး အဆိုပြုလွှာကို ပေးဆပ်ခဲ့ကြပြီး အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီများထံ စတင် အစီရင်ခံ နေကြသည်ဟု ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ဗီယက်နမ်နှင့် နယ်စပ်ခြင်း ရှည်လျားစွာ ထိစပ်နေသည့် တရုတ်နိုင်ငံကို တိုင်ပင် ညှိနှိုင်းခြင်း မရှိဟုလည်း သိရှိရသည်။

"အမေရိကန်နှင့် ဗီယက်နမ် အကြား ညှိနှိုင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ တရုတ်နှင့် မပတ်သက်ပါဘူး" ဟု Crowley က ပြောဆိုသည်။

ဗီယက်နမ်သို့ နျူကလီယာ ဓာတ်ပေါင်းဖို အစိတ်အပိုင်းများ ရောင်းချရန် General Electric နှင့် Bechtel စသော အမေရိကန် ကုမ္ပဏီများကို ခွင့်ပြုဖွယ် ရှိသည်ဟုလည်း သိရှိရသည်။

နျူကလီယာ ဓာတ်ပြုမှု ကိရိယာများ လုံခြုံရေး၊ အရပ်ဖက် နျူကလီယာ စွမ်းအင် ဖွံ့ဖြိုးရေး တို့အပေါ် ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို သမ္မတ ဘွတ်ရှ် အစိုးရနှင့် ဗီယက်နမ်တို့ ၂၀၀၁ ခုနှစ်က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်စလုံးသည် နျူကလီယာ ပူးပေါင်း ဆောင်ရွက်ရေး အပေါ် ကနဦး သဘော တူညီချက်များကို မတ်လက ရရှိခဲ့ကြပြီး ယခု နှစ်ကုန်တွင် အပြီးသတ်ရန် မျှော်လင့်ထားကြသည်ဟု ဗီယက်နမ် အနုမြူ စွမ်းအင်ဌာန ညွှန်ကြားရေးမှူး ဗွန်ဟူတန်က ပြောကြားခဲ့သည်ဟု သိရှိရပြီး ဗီယက်နမ်က ယူရေနီယမ် သန့်စင်ရန် အစီအစဉ် မရှိဟုလည်း ၎င်းက ပြောဆိုခဲ့သည်ဟု ဆိုသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment