Transparency Myanmar

transparency.myanmar@gmail.com

AFP, 13th August 2010

ငွေကြေးဆိုင်ရာ မသမာမှု အတွက် သံသယ ရှိသော နိုင်ငံများ အပေါ် နိုင်ငံတကာ နှိမ်နင်းမှု အစီအစဉ် တစ်ရပ် အဖြစ် မြန်မာနိုင်ငံသို့ အမေရိကန် ဒေါ်လာ ငွေလွှဲ ပေးပို့သည့် လုပ်ငန်းကို ဆိုင်းငံ့ထားမည်ဟု တောင်ကိုရီးယား ဘဏ်တစ်ခုက သောကြာနေ့တွင် ပြောကြားလိုက်သည်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုက ထိန်းချုပ်ထားသော Korea Exchange Bank က "၎င်းတို့၏ ဆုံးဖြတ်ချက်သည် အောက်တိုဘာလတွင် စတင် သက်ရောက်လိမ့်မည်" ဟု ပြောကြားသည်။ မြန်မာနိုင်ငံမှ ပေးပို့သည့် ဒေါ်လာ လက်ခံခြင်းကိုလည်း ရပ်ဆိုင်းထားမည် ဖြစ်ပြီး ယူရိုကဲ့သို့ အခြား ငွေကြေးများမှာမူ အကျုံးမဝင်ဟု သိရှိရသည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကိစ္စများ၊ မြောက်ကိုရီးယားနှင့် ဆက်ဆံမှုများကြောင့် မြန်မာ အစိုးရ အပေါ် ဖိအားပေးရန် ကြိုးစားသည့် အနေဖြင့် မြန်မာမှ သွင်းကုန်များကို နောက်ထပ် တစ်နှစ် ပိတ်ပင်ရန် အမေရိကန် ကွန်ဂရက် လွှတ်တော်က ဇူလိုင်လတွင် သက်တမ်း တိုးခဲ့သည်။

မြန်မာ စစ်ဖက် အစိုးရက အနှစ် ၂၀ အတွင်း ပမထအကြိမ် ရွေးကောက်ပွဲများကို နိုဝင်ဘာ  ၇ ရက်တွင် ကျင်းပမည်ဟု သောကြာနေ့တွင် ကြေညာသည်။ ၎င်းရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် အနှစ် ၅၀ စစ်ဖက် အုပ်ချုပ်မှုကို ခိုင်မာစေရန် ရည်ရွယ်ထားသော အတုအယောင် တစ်ခုသာ ဖြစ်သည်ဟု နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး သမားများနှင့် အနောက်နိုင်ငံများက ပြောဆိုထားကြသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပွဲသိမ်း အနိုင်ရရှိခဲ့သော NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ယခုတိုင် နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းထားကာ ရွေးကောက်ပွဲ မဝင်နိုင်အောင် နည်းအမျိုးမျိုးဖြင့် တားဆီးထားသည်။

ဝါရှင်တန်ကမူ မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှုများကို ရုတ်သိမ်းရန် အတွက် အပြန်အလှန်အားဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုများ၌ တိုးတက်မှု ရှိရမည်ဟု ဆိုထားသည်။ အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ ရှိနေသော တရုတ်နိုင်ငံသည် မြန်မာ အစိုးရ၏ အဓိက စစ်ရေးနှင့် သံတမန်ရေး မိတ်ဖက် နိုင်ငံတစ်ခု ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment