Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 13th August 2010

မြန်မာ စစ်အစိုးရက စီစဉ်နေသည့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲသည် မပိရိသော လှည့်စားမှု တစ်ခုမျှသာ ဖြစ်ဖွယ်ရှိ၍ အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသိအမှတ်ပြုခြင်းကို ခံရမည် မဟုတ်ဟု ဝါရင့် အမေရိကန် လွှတ်တော် အမတ် တစ်ဦးက သေကြာနေ့တွင် ပြောကြားလိုက်သည်။

"သမ္မတ ဘားရက် အိုဘားမား အနေဖြင့် မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် အားပေး ထောက်ခံမှုကို ပြန်လည် ကြိုးစား လုပ်ဆောင်သင့်သလို၊ ဒီမိုကရေစီ လုပ်ငန်းစဉ် အပေါ် ယခုကဲ့သို့ မထီမဲ့မြင် ပြတ်ရယ်ပြုနေခြင်းကို အသိအမှတ်ပြုရန် ကမ္ဘာကြီးက အလှည့်စားခံမည် မဟုတ်ကြောင်းကို သေချာအောင် ပြုလုပ်ရမည်" ဟု ထိပ်တန်း ရီပတ်ဘလီကန် အမတ် Mitch McConnell က ပြောဆိုလိုက်သည်။

မြန်မာ အစိုးရက နိုဝင်ဘာ ၇ ရက်ကို ရွေးကောက်ပွဲ ကျင်းပမည့် အရေးကြီးသည့်နေ့ အဖြစ် ကြေညာကာ ၎င်းတို့၏ လှည့်ဖျားမှုကို ဖုံးကွယ်ရန် ပြုလုပ်ခဲ့သော်လည်း ၎င်းနေ့ရက်သည် အစိုးရ၏ ဆက်လက် ဖိနှိပ်မှု၊ ပြည်သူ၏ ပင်ပန်း ဆင်းရဲမှု အထိမ်းအမှတ်သာ ဖြစ်လာလိမ့်မည်ဟု ၎င်းက ကြေညာချက်တွင် ဖော်ပြသည်။

နိုဝင်ဘာ ၇ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ကြေညာခဲ့ပြီးနောက် အမေရိကန် အထက်လွှတ်တော် အမတ် McConnell  ၏ မှတ်ချက် ထွက်ပေါ်လာခြင်းသည် အမေရိကန် အရာရှိများက မြန်မာနိုင်ငံကို ယခင်ကအတိုင်း Burma ဟုသာ သုံးစွဲ ခေါ်ဝေါ်ထားသည်။

လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း အချိန်များစွာ ပိတ်လှောင်ခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်ဖက် အစိုးရက ၎င်းတို့အပေါ် ကြီးမားသော ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားသည့် အားလျော်စွာ လာမည့် ရွေးကောက်ပွဲ အတုများတွင် မပါဝင်နိုင်အောင် တားမြစ် ပိတ်ပင်ထားသည်။

နိုင်ငံပိုင် မီဒီယာက ကြေညာခဲ့သော ရွေးကောက်ပွဲရက်သည် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည့် နိုဝင်ဘာ ၁၃ ရက် မတိုင်မီ တစ်ပတ်ခန့် စော၍ ကျရောက် နေသည်။ သူမ ခေါင်းဆောင်သော NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အာဏာလွှဲ မပေးခဲ့ပါ။ လာမည့် ရွေးကောက်ပွဲမှာမူ စည်းကမ်းများ တရားမျှတမှု မရှိသဖြင့် အတိုက်အခံ ပါတီက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment