Transparency Myanmar

transparency.myanmar@gmail.com

AFP, 13th August 2010

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် စစ်တပ်မှ အာဏာ ဆက်လက် တည်မြဲရေးကိုသာ ပြုလုပ်ထားပြီး၊ နိုင်ငံတကာ စင်မြင့်တွင် လက်ခံနိုင်မည့် အချက်များ မရှိကြောင်း လန်ဒန်က ပြောကြားလိုက်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့် မပြုမချင်း၊ ရွေးကောက်ပွဲသည် တရားဝင်လိမ့်မည် မဟုတ်ကြောင်း ဗြိတိန်က ပြောကြားခဲ့သည်။

"ဒီရွေးကောက်ပွဲဟာ စစ်တပ် အာဏာ ရေရှည် တည်တံ့အောင် ဖိနှိပ်မှု များပြားတဲ့ အခြေအနေမှာ ကျင်းပဖို့ လုပ်ထားတာပါ" ဟု အရှေ့တောင် အာရှ ကိုယ်တွယ်သူ နိုင်ငံခြားရေးရုံး ဝန်ကြီး Jeremy Browne က ပြောကြားခဲ့သည်။

"မြန်မာ ပြည်သူတွေ အနေနဲ့ ပြောင်းလဲမှု အတွက် အမှန်တကယ် မဲပေးနိုင်မယ့် အခွင့်အရေး ရသင့်ပါတယ်။ နှစ် နှစ်ဆယ် အတွင်း မြန်မာ ပြည်သူတွေ ရတဲ့ ပထမဆုံး အခွင့်အရေးမှာ ပိုမို လမ်းဖွင့်ပေးပြီး၊ တည်ငြိမ်ပြီး၊ ပိုမို သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း ဖြစ်နိုင်မယ့် အခွင့်အလမ်းတွေ လက်လွှတ် ဆုံးရှုံးနေရပါတယ်" ဟု ၎င်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။

"ဒါပေမယ့် မြန်မာ အာဏာပိုင်တွေ အနေနဲ့ နိုင်ငံသားတွေကို သူတို့ တိုင်းပြည်ကို အုပ်ချုပ်သင့်သူကို ဆုံးဖြတ်ခွင့်ပေးဖို့၊ အပြုသဘော ဆောင်တဲ့ ခြေလှမ်းတွေ လှမ်းဖို့ သိပ်နောက်မကျသေးပါဘူး" ဟု ပြောသည်။

"ကျွန်တော့် အနေနဲ့ မြန်မာ စစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတတဲ့ စည်းရုံး မဲဆွယ်ခွင့်နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဖြစ်ဖို့ ခွင့်ပြုရန် တောင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အတိုက်အခံနဲ့ တိုင်းရင်းသားတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု စတင် ပြုလုပ်ဖို့ တောင်းဆိုပါတယ်" ဟု ၎င်းက ပြောသည်။

"အဲဒီလို မလုပ်ဘဲနဲ့တော့၊ ဒီရွေးကောက်ပွဲဟာ တရားဝင်မှုနှင့် နိုင်ငံတကာ လက်ခံနိုင်မှု မရှိနိုင်ပါဘူး" ဟု ထည့်သွင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment