Transparency Myanmar

transparency.myanmar@gmail.com

Reuters, By Alistair Scrutton, 17th August 2010

ပါကစ္စတန် နိုင်ငံတွင် ရေဘေးကြောင့် သန်းပေါင်း များစွာသော လူများသည် ရောဂါဆိုးများ အန္တရာယ်ရှိကြောင်း နိုင်ငံတကာ အေဂျင်စီများက သတိပေးမှုကြောင့် ကမ္ဘာ့ဘဏ်သည် ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် ဒေါ်လာ သန်း ၉၀၀ ထုတ်ပေးမည် ဖြစ်သည်။

မသန့်ရှင်းသော ရေများကြောင့် ၃.၅ သန်းသော ကလေးငယ်များသည် သေစေနိုင်သော ရောဂါများ၏ အန္တရာယ်ကို ကန်ထရိုက် ဆွဲထားသလို ဖြစ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတိ ပေးခဲ့သည်။ ထို့အပြင် ပါကစ္စတန်၏ သန်း ၁၇၀ သော လူများ၏ အနည်းဆုံး ဆယ်ပုံတစ်ပုံမှာလည်း ပိုးမွှား အန္တရာယ်ကို စိုးရိမ်ရကြောင်း ပြောသည်။

ဆယ်စုနှစ်များစွာ အတွင်း အဆိုးဆုံး ဖြစ်ခဲ့သော ပါကစ္စတန် ရေကြီးမှုတွင် လူပေါင်း ၁၆၀၀ ခန့် သေဆုံးခဲ့ပြီး၊ လူနှစ်သန်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသည်။

အာရှတွင် အဆင်းရဲဆုံး နိုင်ငံ တစ်ခုဖြစ်သော ပါကစ္စတန် တနံတလျားတွင် ရွာပေါင်း ရာချီ၍ ကယ်ဆယ်သူမဲ့ ဖြစ်ခဲ့ရသည်။ အဝေးပြေး လမ်းများ ထက်ဝက် ပြတ်ကျိုးပြီး၊ အိမ်ရာမဲ့ လူထောင်ပေါင်း များစွာသည် လမ်းဘေးတွင် တာပေါ်လင် မိုးကာတဲများ ထိုး၍ နေကြရသည်။

ကမ္ဘာ့ဘဏ် ရန်ပုံငွေကို စီစဉ်ပြီး ဖြစ်သော ပရောဂျက်များကို ပြန်လည် ရေးဆွဲပြီး အသုံးပြုမည် ဖြစ်သည်။ မခွဲဝေရသေးသော ရန်ပုံငွေများကို ပြန်လည် နေရာချမည် ဖြစ်သည်။ သို့သော် ထိုရန်ပုံငွေများကို ရေဘေး ဒုက္ခသည်များ အတွက် မည်သို့ အသုံးပြုမည်ကို ပြောကြားခြင်း မရှိပေ။

"ကျွန်တော်တို့ဟာ ရန်ပုံငွေတွေကို ချက်ချင်း အသုံးပြုနိုင်အောင် ဦးစားပေး စီစဉ်နေပါတယ်" ဟု ကမ္ဘာ့ဘဏ် ပြောခွင့်ရ ပုဂ္ဂိုလ် Mariam Altaf က ပြောကြားခဲ့သည်။

ရေကြီးမှု နှစ်ပတ်ခန့် ကြာပြီးနောက် အစိုးရက အကူအညီပေးရန် နောက်ကျမှုကြောင့် လူထုက စိတ်ဆိုးလာပြီး နိုင်ငံရေးအရ ဒုက္ခရောက်လာနိုင်သည်။

တနင်္လာနေ့က ပါကစ္စတန် ရေဘေးဒုက္ခသည်များသည် အဝေးပြေး လမ်းမကို ပိတ်ဆို့၍ အစိုးရအား အကူအညီ တောင်းခံကြရာ ရေ၊ အစားအစာနှင့် နေအိမ်မဲ့နေသော သန်းပေါင်း များစွာသော လူများ အတွက် အကူအညီများ ရောက်ရှိမှု နောက်ကျကြောင်း အကူအညီပေးရေး အေဂျင်စီများက သတိပေးသည်။

ယဲ့ယဲ့သာ ရှိတော့သော တည်ငြိမ်မှု

ရေလွှမ်းမိုးကြောင့် ပျက်စီးမှုများနှင့် ပြန်လည် ထူထောင်ရေး အတွက် ကုန်ကျငွေများသည် ပါကစ္စတန်၏ ရေရှည် စီးပွားရေး တိုးတက်မှုနှုန်း ၁% ထက်ပို၍ နှောင့်နှေးမည်ဟု ဝေဖန် သုံးသပ်သူများက ဆိုသည်။

ပါကစ္စတန် စတော့သည် တနင်္လာနေ့က ၂.၉% ကျဆင်းပြီး ပိတ်သွားခဲ့ရာ၊ ထိခိုက်မှုမှာ ပထမ ခန့်မှန်းသည်ထက် ပိုမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ဗြိတိန်နိုင်ငံဆိုင်ရာ ပါကစ္စတန် ကော်မရှင်နာ မင်းကြီး Wajid Shamsul Hasan က Reuters သို့ ပြောကြားရာတွင် ပြန်လည် တည်ဆောက်ရေး အတွက် ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်း ကျော်ကျော် ကုန်ကျနိုင်ကြောင်း ဆိုသည်။

၎င်းက နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အသနားခံရာတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး အတွက် ရန်ပုံငွေများ ပေးကြရန်နှင့် အစ္စလာမ်မစ် စစ်သွေးကြွများအား တိုက်ခိုက်ရန် ရန်ပုံငွေများ ပေးကြရန် ပြောခဲ့သည်။ သို့မဟုတ်ပါက ဒေသတွင်း တစ်ခုလုံးကို မတည်ငြိမ်မှု ဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။

အစိုးရသည် ၎င်း၏ မပြည့်စုံသော ဖြည့်ဆည်းမှုများကြောင့် ခေါင်းမီးတောက်လျက် ရှိသည်။ စစ်သွေးကြွ အုပ်စုများနှင့် ဆက်စပ်နေသော အစ္စလာမ်မစ် အလှူရှင်များသည် ရေဘေး ဒုက္ခသည်များကို အကူအညီ ပေးလျက်ရှိရာ ထောက်ခံသူများ တိုးပွားလာမည် ဖြစ်သည်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Shah Mehmood Qureshi က ပါကစ္စတန်၏ တည်ငြိမ်မှု အတွက် စိုးရိမ် ပူပန်မှုကို ဖော်ပြခဲ့ရာ၊ အစိုးရ မတူညီနိုင်သည့် ကွက်လပ်ကို အစ္စလာမ်မစ်များက နေရာယူသွားမည်မှာ အန္တရာယ်ကြီးသည်ဟု ဆိုသည်။

"ဆာနေတဲ့ လူတစ်ဦးကို စားစရာ သွားပေးရင်၊ သူက လာပေးသူကို သဘောထား ပျော့ပြောင်းသူလား။ အစွန်းရောက်လား မေးနေမှာ မဟုတ်ဘူး" ဟု Qureshi က BBC သို့ ပြောသည်။ "သူကတော့ ပေးတာ ယူမှာပဲ။ ဒီတော့ ဒီစိန်ခေါ်မှုကို သတိထား ရပါမယ်" ဟု ဆိုသည်။

ယခုအခါ ကယ်ဆယ်ရေး အစပျိုးမှု အတွက် လိုအပ်သော ရန်ပုံငွေ ဒေါ်လာ ၄၅၉ သန်း၏ လေးပုံတစ်ပုံသာ ရောက်ရှိပါသေးသည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရှိရသည်။ ထိုငွေမှာ ယမန်နှစ်က စစ်သွေးကြွများကို တိုက်ခိုက်ရန် အမေရိကန်က ပါကစ္စတန်သော ပေးသော ဒေါ်လာ ၁ ဘီလီယံနှင့်စာလျှင် လွန်စွာ ခြားနားလှသည်။

ကုလသမဂ္ဂက ဝမ်းရောဂါမှာ ပထမဆုံး ဖြစ်ပွားနိုင်သည်ဟု သတင်း ပေးပို့ခဲ့သည်။ နယူးယောက်တွင် ထုတ်ပြန်သော သတင်း ကြေညာချက်တွင် အကြီးဆုံး ခြိမ်းခြောက်မှုမှာ ကာလဝမ်း ရောဂါဖြစ်ကြောင်း၊ အသဲရောဂါ A နှင့် E တိုက်ဖွိုက်တို့ အန္တရာယ်မှာလည်း အရေးကြီးကြောင်း ဖော်ပြထားသည်။

ဒုက္ခသည်များသည် ပါကစ္စတန်တွင် အာဏာ အရှိဆုံး အဖွဲ့အစည်း ဖြစ်သည့် စစ်တပ်ပေါ်တွင်သာ မှီခိုမှုများပြီး၊ နိုင်ငံခြား အကူအညီပေးရေး အေဂျင်စီများကို အကူအညီ တောင်းလျက် ရှိသည်။

မည်သို့ဆိုစေ၊ အာဏာသိမ်းဖို့မူ ဖြစ်လာမည် မထင်ပေ။ စစ်တပ်၏ ဦးစားပေး အစီအစဉ်မှာ တာလီဘန် သူပုန်များကို တိုက်ခိုက်ရန်သာ ဖြစ်ပြီး၊ သဘာဝဘေး အန္တရာယ် ကျရောက်နေချိန်တွင် အာဏာရယူရန် ကိစ္စမှာ အဓိပ္ပာယ် မရှိကြောင်း၊ သုံးသပ်သူများက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment