Transparency Myanmar

transparency.myanmar@gmail.com

ယခင် မြောက်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Pak Pong Ju အား ကွန်မြူနစ် အစိုးရက အာဏာ ပြန်ပေးလိုက်ကြောင်း သတင်း ပေးပို့ချက်များအရ သိရသည်။ ဝန်ကြီးချုပ်ဟောင်း Pak Pong Ju သည် အမေရိကန် အရင်းရှင်စနစ်ပုံစံ လုပ်အားခ ပေးသည့်စနစ် ကျင့်သုံးရန် အဆိုပြုခဲ့မှုကြောင့် ရာထူးမှ ဖြုတ်ချခံရဖွယ် ရှိကြောင်း၊ ၎င်းကို ရာထူးချသည့် အနေဖြင့် ဓာတုဗေဒစက်ရုံ တစ်ခုတွင် မန်နေဂျာအဖြစ် တာဝန် ထမ်းဆောင်စေခဲ့ပြီးနောက် ယခုအခါ နိုင်ငံရေးအာဏာ ပြန်လည် ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းက ဆိုသည်။

မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရက Pak Pong Ju ကို အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် စတင် ခန့်အပ်လိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် ရေဒီယို သတင်းပေးပို့ချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ရေးသား ဖော်ပြသည်။

Pak Pong Ju သည် ပြီးခဲ့သည့် ဧပြီ ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံရပြီး Sunchon Vinalon ဓာတုဗေဒ စက်ရုံတွင် စီမံခန့်ခွဲရေး မန်နေဂျာချုပ်အဖြစ် တာဝန် ပေးအပ်ခံခဲ့ရသည်ဟု Yonhap သတင်းက ဆိုသည်။ ဂျပန်သတင်းစာ တစ်စောင် ဖြစ်သော Mainichi Shimbun သတင်းစာ အဆိုအရ Pak Pong Ju သည် ၂၀၀၇ ခုနှစ်တွင် အလုပ်သမားများအတွက် မက်လုံးပေးမှုအပေါ် အခြေခံသည့် လုပ်အားခ စနစ် ကျင့်သုံးရန် အကြံပြုခဲ့သောကြောင့် အလုပ်ဖြုတ်ခံခဲ့ရခြင်း ဖြစ်သည်။

မြောက်ကိုရီးယားတွင် ရာထူး ချခံထားရသော အရာရှိကြီးများအား အာဏာနှင့် လုပ်ပိုင်ခွင့် ပြန်ပေးခြင်းသည် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု မဟုတ်ကြောင်း တောင်ကိုရီးယား နိုင်ငံ အစိုးရက ဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment