Transparency Myanmar

transparency.myanmar@gmail.com

BBC news, 23rd August 2010

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက ကမ္ဘောဒီးယား စီးပွားရေး အကြံပေး အဖြစ်မှ နုတ်ထွက်မှုကို ဖနွမ်းပင်က ကြေညာခဲ့ပြီးနောက် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနှင့်  သံတမန် ဆက်ဆံမှု ပြန်လည် စတင်တော့မည်ဟု ပြောကြားလိုက်သည်။

ဖနွမ်းပင်၏ အငြင်းပွားဖွယ်ရာ အကြံပေး ခန့်အပ်မှုကြောင့် ၂ဝဝ၉ နိုဝင်ဘာတွင် ၂ နိုင်ငံစလုံးက ၎င်းတို့၏ သံအမတ်များကို ပြန်လည် ခေါ်ယူခဲ့ကြသည်။

၂ဝဝ၆ အာဏာ သိမ်းမှုတွင် ထိုင်းစစ်တပ်က သက်ဆင်ကို ဖယ်ရှားခဲ့ပြီးနောက် ထိုင်းတရားရုံးက ၎င်းအား အဂတိ လိုက်စားမှုအတွက် မျက်ကွယ် ထောင်ဒဏ် ချမှတ်ခဲ့သည်။

ယခုနှစ် အစောပိုင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် နောက်ကွယ်မှ သက်ဆင်က ကြိုးကိုင်ခဲ့သည်ဟု ထိုင်း အာဏာပိုင်များက မကျေမချမ်း စွပ်စွဲပြောဆိုခဲ့သည်။

လူပေါင်း ၉၁ ဦးသေဆုံးကာ မြို့တော် ဘန်ကောက်ကို နှစ်လခန့် မလှုပ်ရှားနိုင်အောင် ဖြစ်စေခဲ့သည့် ဆန္ဒပြပွဲများတွင် မိမိပါဝင် ပတ်သက်မှု မရှိဟု သက်ဆင်က ငြင်းဆိုထားသည်။

"သက်ဆင်နဲ့ ဘယ်လို ပတ်သက်မှုမှ မရှိတော့ဘူးလို့ သူတို့ (ဖနွမ်းပင်အစိုးရ) က ကြေညာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သံတမန် ရုတ်သိမ်းမှုလည်း ပြီးဆုံးသွားပါပြီ" ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ပီရိုမြက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

"မနက်ဖြန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ သံတမန် အပြန်အလှန် စေလွှတ်ကြတော့မှာပါ" ဟု ၎င်းက ဆိုသည်။

၎င်းတို့ နှစ်နိုင်ငံ အကြား ဆက်ဆံရေးမှာ မဖြေရှင်းနိုင်သည့် နယ်စပ် အငြင်းပွားမှုကြောင့် လက်ရှိနှစ်များ အတွင်း ခပ်တန်းတန်း ဖြစ်နေခဲ့သည်။ နှစ်နိုင်ငံ စလုံးက ၎င်းတို့ ပိုင်သည်ဟု ပြောနေကြသော ဗရာဗီဟာ ဘုရားကျောင်း အနီးတဝိုက်တွင် နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့များ မကြာခဏ အခြေအတင် ဖြစ်ပွားခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment