Transparency Myanmar

transparency.myanmar@gmail.com

The Strait Times, 25th August 2010

အထိန်းသိမ်း ခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ပြည်သူများ အနေဖြင့် လာမည့် ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်ရန် လိုလားပြီး၊ လွတ်လပ်၍ တရား မျှတမှု မရှိပါက ထုတ်ပြောကြရန် ဖြစ်ကြောင်း သူမ၏ ရှေ့နေ့က အင်္ဂါနေ့က ပြောကြားခဲ့သည်။

"NLD က မပါဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကျွန်မတို့ အနေနဲ့ ရွေးကောက်ပွဲကို မျက်နှာလွှဲခဲပစ် မလုပ်သင့်ပါဘူး'' ဟု နိုဘယ်ဆုရှင်က ပြောသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက    ဆိုသည်။

"တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အစိုးရမှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။ မမျှတရင် ဖြစ်ဖြစ်၊ ရွေးကောက်ပွဲဥပဒေနဲ့မညီရင် ဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ ဖော်ထုတ်ရပါမယ်။ ပြည်သူတွေကလည်း ဖော်ထုတ်ရမယ်။ NLD ကလည်း ဖော်ထုတ်ရပါမယ်'' ဟု သူမက ပြောသည်ဟု ဆိုသည်။

"ပြည်သူတွေ နိုင်ငံရေး စိတ်ဝင်စားတာကို သူမက ဝမ်းသာနေပါတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကသာ နိုင်ငံရေး မဟုတ်ပါဘူး။ သူက နိုင်ငံရေးရဲ့ အစိတ်အပိုင်း တစ်ခုပါ'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။

"သူမက ပြောပါတယ်။ လူတိုင်းဟာ ရွေးကောက်ပွဲကို စိတ်ဝင်စားသင့်ပါတယ်တဲ့။ NLD အဖွဲ့ဝင်တွေကလည်း ကိုယ်မပါလို့ မျက်နှာ မလွဲသင့်ပါဘူးလို့ ပြောပါတယ်'' ဟု ဦးဥာဏ်ဝင်းက ဆက်လက် ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment