Transparency Myanmar

transparency.myanmar@gmail.com

Xinhua News, 29th August 2010

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA ရေတပ်၏ အမှတ် ၅ ကင်းလှည့် ရေတပ်ဖွဲ့မှ ဂွမ်ဇိုးနှင့် ချောင်ဟူ စစ်သင်္ဘော နှစ်စင်းသည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ် လည်ပတ်ခဲ့သည်ဟု သိရှိရသည်။

တရုတ် စစ်သင်္ဘောများ မြန်မာ ဆိပ်ကမ်းသို့ ဆိုက်ကပ် လည်ပတ်ခြင်းမှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

အဆိုပါ ၅ ရက်ကြာ မစ်ရှင်သည် နှစ်နိုင်ငံ စစ်တပ်များ အကြား၊ ရေတပ်မတော် ၂ ခု အကြား အပြန်အလှန် ခင်မင် ရင်းနှီးသော ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

မိုးများ ရွာသွန်းနေသည့် ကြားမှ ပြုလုပ်သော တရုတ်စစ် သင်္ဘောများအား ကြိုဆိုပွဲ အခမ်းအနားသို့ ရေတပ်စခန်း တပ်မှူး ဗိုလ်ချုပ်ဟန်စိန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယီဒါဘိုနှင့် သံရုံးအရာရှိများ၊ တရုတ် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ မြန်မာ အခြေစိုက် တရုတ် ကျောင်းဆရာနှင့် ကျောင်းသားများ၊ ဒေသခံ တရုတ်လူမျိုးများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ကြိုဆိုပွဲ အပြီးတွင် ဧည့်သည်များအား စစ်သင်္ဘောများပေါ်သို့ တက်ရောက် ကြည့်ရှုခွင့် ပေးခဲ့သည်ဟု သိရှိရသည်။

ယခု အလည်အပတ် ခရီးစဉ် အတွင်း တရုတ်ရေတပ် အစောင့် တပ်ဖွဲ့နှင့် မြန်မာ ရေတပ်မတော် အကြား အပြန်အလှန် နီးနှော ဖလှယ်မှုများ ပြုလုပ်ကြမည်ဟုလည်း သိရသည်။

တရုတ်ရေတပ် အမှတ် ၅ အစောင့် တပ်ဖွဲ့သည် ဧဒင် ပင်လယ်ကွေ့နှင့် ဆိုမာလီ ကမ်းရိုးတန်းတွင် ကင်းလှည့် တာဝန် ထမ်းဆောင် ပြီးစီး၍ အပြန်ခရီးတွင် ဆိပ်ကမ်းများ၌ ဝင်ရောက် ဆိုက်ကပ် လည်ပတ်ရာ မြန်မာနိုင်ငံသည် ၄ နိုင်ငံမြောက် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ မရောက်မီ အီဂျစ်၊ အီတလီနှင့် ဂရိနိုင်ငံတို့၌ ဝင်ရောက် ဆိုက်ကပ် ခဲ့သည်ဟုလည်း သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment