Transparency Myanmar

transparency.myanmar@gmail.com

Daily Star, 30th August 2010

မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်သွယ်မည့် လမ်းဖောက်လုပ်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နှင့် စာချုပ် ချုပ်ဆိုရန် တရုတ်နိုင်ငံက အဆင်သင့် ဖြစ်နေပြီဟု ဒါကာသို့ ရောက်ရှိနေသော တရုတ် အရာရှိက ပြောကြားသည်။

၃ နိုင်ငံ ဆက်သွယ်မည့် ၁၁၁ ကီလိုမီတာ ရှည်သော ကားလမ်းကို ဖောက်လုပ်ရာတွင် အကူအညီ ပေးမည် ဖြစ်ကြောင်း တရုတ်နိုင်ငံက ယခုနှစ် မတ်လတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ လမ်းကြောင်းသည် မြန်မာနိုင်ငံကို ဖြတ်သန်းကာ ယူနန်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်မည် ဖြစ်သည်။

ရထားလမ်းနှင့် ကားလမ်းများ ဖောက်လုပ်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးရန် တရုတ်က အဆင်သင့် ရှိနေသည်ဟု ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ကွင်ဂွမ်ရောင်က ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာအား တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယခုနှစ် မတ်လ အတွင်းက ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာသည် တရုတ်နိုင်ငံသို့ သွားရောက်စဉ် ဖိတ်ကြားခဲ့ခြင်းကြောင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ယခု ဘင်္ဂလားဒေ့ရှ်သို့ ၂ ရက်ကြာ လာရောက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်၏ တရုတ်ပြည် ခရီးစဉ်တွင် အထက်ပါ စီမံကိန်းနှင့် ပတ်သက်၍ တရုတ် တာဝန် ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

စစ်တကောင်း၊ မြန်မာ၊ ကူမင်း အဝေးပြေး လမ်းမကြီးသည် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်မှု တိုးတက်လာရန် အဓိက အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု ရှိတ်ဟက်ဆီနာက ပြောကြားသည်။

"မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံနဲ့ ကားလမ်း၊ ရထားလမ်းတွေ တိုက်ရိုက် ဆက်သွယ်ဖို့ ဘင်္ဂလားဒေ့ရှ်က ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ဟက်ဆီနာက ပြောကြားခဲ့ခြင်းကို Daily Star သတင်းစာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သကဲ့သို့ ကာကွယ်ရေး လက်နက် ပစ္စည်းများကိုလည်း ရောင်းချပေးလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment