Transparency Myanmar

transparency.myanmar@gmail.com

Xinhua, 6th Sept 2010

မြန်မာ နိုင်ငံတွင်  တောင်ကိုးရီးယား ရင်းနှီး မြှုပ်နှံမှုသည် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ် ပထမ လေးလတွင် ဆယ်ဆခန့် မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၀ ဇူလိုင်လတွင် ဒေါ်လာ (၂.၆၅၈)  ဘီလျံ ရောက်ရှိခဲ့ကြောင်း နိုင်ငံတွင်းထုတ် Weekly Eleven News က တနင်္လာနေ့က သတင်း ရေးသားခဲ့သည်။

တောင်ကိုးရီးယား၏ ရင်းနှီး မြှုပ်နှံမှုသည် ထိုသို့ မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွင် နံပါတ် (၁၀) နေရာမှ နံပါတ် (၅) နေရာသို့ ခုန်တက်လာသည်။

ပြီးခဲ့သည့် ၂၀၀၉-၁၀ နှစ်ကုန် မတ်လတွင် ကိုးရီးယား၏ ရင်းနှီး မြှုပ်နှံမှုသည် ဒေါ်လာ ၂၃၉.၃၁၈ သန်းသာ ရှိခဲ့သည်။

တောင်ကိုးရီးယားသည် ရေနံ၊ သဘာဝ ဓါတ်ငွေ့နှင့် သတ္တုတွင်း ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံခဲ့သည်။

တရားဝင် စာရင်းဇယားများ အရ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ဗြိတိန်၊ တောင်ကိုးရီးယားနှင့် စကာင်္ပူတို့သည် မြန်မာ နိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စာရင်းတွင် ထိပ်ပိုင်း၌ ရှိကြသည်။

စာရင်း ဇယားများအရ ၁၉၈၈ ခုနှစ်မှ စတင်၍ ၂၀၁၀ ဇူလိုင်လ အထိ ထိုင်းနိုင်ငံသည် ဒေါ်လာ ၉.၅၆၈ ဘီလျံ၊ တရုတ်နိုင်ငံသည် ဒေါ်လာ ၆.၄၁၅ ဘီလျံ၊ ဟောင်ကောင်သည် ဒေါ်လာ ၅.၉၀၄ ဘီလျံ၊ ဗြိတိန်သည် ဒေါ်လာ ၂.၆၅၉ ဘီလျံ၊ တောင်ကိုးရီးယား ဒေါ်လာ ၂.၆၅၈ ဘီလျံနှင့် စကာင်္ပူသည် ဒေါ်လာ ၁.၅၉၂ အသီးသီး ရင်းနှီး မြှုပ်နှံထားသည်။

မြန်မာ နိုင်ငံသည် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်၏ ပထမ လေးလတွင် ဒေါ်လာ ၁၅.၈၄ ဘီလျံ စာချုပ် ချုပ်ဆိုခဲ့ရာ (၂၂)နှစ်အတွင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကဏ္ဍတွင် တစ်နှစ်အတွင်း အမြင့်ဆုံး ရရှိခြင်း ဖြစ်သည်။

ထိုသို့ ရရှိခဲ့ခြင်းကြောင့် ၁၉၈၈ ခုနှစ်မှ စ၍ ၂၀၁၀ ဇူလိုင်လ အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဒေါ်လာ (၃၁.၈၉၅) ဘီလျံထိ ရောက်ရှိခဲ့သည်။

မတ်လက ကုန်ဆုံးသော ၂၀၀၉-၁၀ ဘဏ္ဍာနှစ် အထိ ရင်းနှီး မြှုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာ ၁၆.၀၅ ဘီလျံသာ ရှိခဲ့သည်။

ယနေ့ထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို ကဏ္ဍအလိုက် ခွဲခြား ပြောရလျှင် ရေနံနှင့်  သဘာဝ ဓါတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၁၃.၄၄၇ ဘီလျံ၊ လျှပ်စစ် ဓါတ်အား ကဏ္ဍတွင် ဒေါ်လာ (၁၁.၃၄၁) ဘီလျံ၊ သတ္တုတွင်း ကဏ္ဍတွင် ဒေါ်လာ (၁.၆၆၂) ဘီလျံနှင့် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ဒေါ်လာ (၁.၆၆၂) ဘီလျံ အသီးသီး ရှိသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment