Transparency Myanmar

transparency.myanmar@gmail.com

People's Daily, 7th September 2010

မြန်မာ အစိုးရ ထိပ်တန်း ခေါင်းဆောင် နှစ်ဦး ဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့သည် ရွေးကောက်ပွဲ မတိုင်မီ ၎င်းတို့၏ စစ်ဖက် ရာထူးများကို စွန့်လွှတ်ခဲ့ကြကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မီဒီယာက အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် အထက်ပါ ပုဂ္ဂိုလ် နှစ်ဦးသည် SPDC အဖွဲ့ဝင် သူရ ဦးရွှေမန်းနှင့် SPDC အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ အဖြစ် ၎င်းတို့၏ အရပ်ဖက် နာမည်များဖြင့် အင်္ဂါနေ့က ထွက်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။

နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ၎င်းတို့ နှစ်ဦး ပါဝင် ယှဉ်ပြိုင်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ ဝန်ကြီးများသည်လည်း လွန်ခဲ့သော ဧပြီလက ၎င်းတို့၏ စစ်ဖက် ရာထူးများမှ နှုတ်ထွက်ကာ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဦးဆောင် ဖွဲ့စည်းခဲ့ကြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း USDA ကို အသွင်ပြောင်းလိုက်သည့် USDP ပါတီသည် မြန်မာနိုင်ငံတွင် လက်ရှိ အကြီးဆုံး နိုင်ငံရေး ပါတီအဖြစ် အခိုင်အမာ ရပ်တည်လျက် ရှိသည်။

စက်တင်ဘာ ၇ ရက်နေ့ အထိ စုစုပေါင်း နိုင်ငံရေး ပါတီ ၄၇ ခုတို့သည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဆိုင်ရာ ဥပဒေသစ် အရ နိုင်ငံရေး ပါတီများ အဖြစ် ဖွဲ့စည်းရန် (သို့) မှတ်ပုံတင်ရန် လျှောက်ထားခဲ့ကြသည်ဟု သိရှိရပြီး ၎င်းတို့အနက် နိုင်ငံရေး ပါတီ ၄၂ ခုကို ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု  ခွင့်ပြုခဲ့သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment