Transparency Myanmar

transparency.myanmar@gmail.com

Kangla online, 7th Sept 2010

မိုရေး နယ်စပ်မှ တဆင့် အိန္ဒိယ နိုင်ငံတွင်းသို့ ဝင်ရောက်လျက် ရှိသော မြန်မာ နိုင်ငံသားများ အတွက် တရားဝင် ခွင့်ပြု ပါမစ်များကို ယခုနှစ် စက်တင်ဘာ ၈ ရက်မှ စ၍ ထုတ်ပေးသွားမည် ဟု သိရသည်။

CO 31 အာသံ သေနတ်ကိုင် တပ်ရင်းနှင့် မိုရေး ခရိုင်ခွဲမှ အရာရှိများ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည့် လတ်တလော ပူးတွဲ အစည်းအဝေးတွင် မြန်မာ နိုင်ငံသားများ အတွက် ခွင့်ပြု ပါမစ် စနစ် တရားဝင် စီစဉ် ပြင်ဆင်မှုကို အချောသတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအစည်းအဝေးကို ပြည်ထဲရေး ဝန်ကြီးဋ္ဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး ဋ္ဌာန၏ ညွှန်ကြားချက်များအရ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အသစ် ချမှတ်လိုက်သော တရားဝင် စည်းကမ်းများအရ မိုရေး နယ်စပ် ဝင်ပေါက် ဂိတ်အမှတ် (၁) နှင့် ဂိတ်အမှတ် (၂) မှ ဝင်ရောက်လာသော မြန်မာ နိုင်ငံသားများအား CO 31  အာသံ သေနတ်ကိုင် တပ်ရင်းမှ အမှုထမ်းများက စစ်ဆေးခြင်း ပြုလုပ်မည် ဖြစ်ပြီး ထို့နောက်တွင် ဝင်ကြေး တစ်ရက်လျှင် ရူပီး ၁၀ နှုန်း ပေးဆောင်ကာ မိုရေးသို့ ဝင်ရောက်ခွင့် ရရှိကြမည်ဟု တရားဝင် သတင်းများက ဆိုသည်။ အဆိုပါ နယ်စပ် ဝင်ခွင့် ပါမစ် မနက် ၇ နာရီမှ ညနေ ၄ နာရီ အထိသာ တရားဝင်မည် ဖြစ်ပြီး ပါမစ် ရရှိသူ မြန်မာများ အနေဖြင့် နယ်စပ်မှ ၁၆ ကီလိုမီတာ အတွင်း သွားလာခွင့် ရှိသည်ဟု သိရှိရသည်။

SDC/SDO Morch၊ Addl SP Morch၊ SDPO Morch နှင့် Morch ရဲဋ္ဌာနမှ အရာရှိများသည် မြန်မာ နိုင်ငံသားများအား ဝင်ခွင့် ပါမစ် ထုတ်ပေးမည့် အာဏာပိုင် အဖွဲ့အစည်းတွင် ပါဝင်ကြသည် ဟုလည်း တရားဝင် သတင်းများအရ သိရှိရသည်။ အသစ် ချမှတ်သော စည်းကမ်းများအရ ပါမစ် လျှောက်ထားစဉ် အတွင်း ပြည်ပ နိုင်ငံသားများအား တရားဝင် အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးထားရန် လိုအပ်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment