Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသည် ၂၀၁၀-၂၀၁၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ ပထမ လေးလပတ် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ မြောက်မြားစွာ ရရှိခဲ့ကြောင်း ဗဟို စာရင်းစစ်ချုပ်ရုံး (CSO) က ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။ အဆိုပါ ပမာဏသည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၂၂ နှစ်တာ ကာလ နှစ်စဉ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နှုန်းတွင် အမြင့်မားဆုံး ဖြစ်သည်ဟု ဆိုသည်။

CSO ၏ စာရင်းဇယားအရ အဆိုပါ ပထမ လေးလပတ် အတွင်း ရရှိခဲ့သော ပမာဏကြောင့် ၁၉၈၈ ခုနှစ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ တံခါး ဖွင့်ပေးခဲ့သည့် အချိန်မှ စ၍ ၂၀၁၀ ဇူလိုင်လ အထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၃၁ ဒဿမ ၈၉၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း နောက်ဆုံး ထုတ်ပြန်ခဲ့သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၆ ဒဿမ ၀၅ သန်း ဖြစ်သည်။

CSO အဆိုအရ ၁၉၈၈ ခုနှစ်မှ စ၍ ၂၀၁၀ ဇူလိုင်အထိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ အခန်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၁၃ ဒဿမ ၄၄၇ ဘီလီယံ၊ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး ကဏ္ဍတွင် ၁၁ ဒဿမ ၃၄၁ ဘီလီယံ၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် ၁ ဒဿမ ၃၉၅ ဘီလီယံ ဖိုးအထိ ရရှိခဲ့ကြောင်း၊ ကုန်ပစ္စည်း ထုတ်လုပ်မှု အခန်းကဏ္ဍတွင် ၁ ဒဿမ ၆၆၂ ဘီလီယံ၊ ဟိုတယ်နှင့် ခရီး သွားလာရေး အခန်းကဏ္ဍတွင် ၁ ဒဿမ ၀၆၄ ဘီလီယံ ရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဂျာနယ် ဖြစ်သော The Weekly Eleven က ကိုးကား ဖော်ပြသည်။

ထိုင်း၊ တရုတ်၊ ဗြိတိန်၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားတို့၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုမှာ ထိပ်ဆုံးမှ ဦးဆောင်လျက် ရှိသည် ဟု အဆိုပါ ဂျာနယ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၀၂ ဒဿမ ၃၅ သန်း ရရှိခဲ့ရာ မလေးရှား နိုင်ငံမှ ၂၃၇ ဒဿမ ၆ သန်း၊ အာရပ် စော်ဘွားများ ပြည်ထောင်စု နိုင်ငံများမှ ဒေါ်လာ ၄၁ သန်းတို့ ဖြစ်ပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အခန်းကဏ္ဍ၌ ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံက  ၁၅ ဒဿမ ၂၅ သန်း (ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများတွင်) တရုတ်က ဒေါ်လာ ၁၅ သန်း (သတ္တု တူးဖော်ရေး ကဏ္ဍ)၊ ဟောင်ကောင်က ၆ သန်း (ကုန်ပစ္စည်း ထုတ်လုပ်ရေး) အစရှိသဖြင့် ရင်းနှီး မြှုပ်နှံခဲ့ကြသည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment