Transparency Myanmar

transparency.myanmar@gmail.com

Weekly Business Roundup, 4th Sept 2010

      မြန်မာအစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရှန်ဟိုင်း ကမ္ဘာ့ပို့ကုန် ကုန်စည်ပြပွဲသို့ သွားရောက်လည်ပတ်သည့် အချိန်တွင် အာရှနိုင်ငံများနှင့် စီးပွားရေး ဆက်ဆံမှုများ တိုးမြှင့်ရန် ကြိုးစားလိမ့်မည်ဟု သိရှိရသည်။

      ၎င်းသည် ဘီဂျင်း အစိုးရ၏ ဧည့်သည်တော် အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အလွန်ကြီးမားသော ၆လကြာ နိုင်ငံတကာ ကုန်စည်ပြပွဲသို့ သွားရောက်မည်ဟု ဆိုသည်။

      ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ဖိတ်ကြားမှုကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းဖြစ်သည်။

      ၎င်းတို့ ခေါင်းဆောင် ၂ ဦး ဇွန်လက အစပျိုးခဲ့ကြသော ကုန်သွယ်ရေးနှင့် စီးပွားရေး အစီအစဉ်များကို ယခု ဗိုလ်ချုပ် မှူးကြီး၏ တရုတ်ခရီးစဉ်တွင် အချောသတ် ဆွေးနွေးကြမည်ဖြစ်ပြီး အခြား အကြောင်းအရာများလည်း ပါဝင်လိမ့်မည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

      မြန်မာခေါင်းဆောင်ဟာ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေက ထိပ်တန်းတာဝန်ရှိသူ အတော်များများနဲ့ တွေ့ဆုံဖို့ သေချာသလောက်ရှိပါတယ်၊ ဆောက်လုပ်ရေး၊ စွမ်းအင်နဲ့ သတ္တုတွင်း ကဏ္ဍတွေကို ဦးစားပေး ဆွေးနွေးကြလိမ့်မယ်လို့ ယူဆရတယ်ဟု ဘန်ကောက်၊ အနောက် နိုင်ငံသံရုံးတစ်ခု အမည်မဖော်လိုသူ ကုန်သွယ်ရေး ကောင်စစ်ဝန်တစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

      အမှတ်တကယ်ကတော့ ဘီဂျင်းနဲ့ ရှန်ဟိုင်းကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်မှာ မြန်မာရွေးကောက်ပွဲတွေ မကျင်းမခင် ဘီဂျင်းနဲ့ နိုင်ငံရေးအရ အခိုင်အမာ ထောက်ခံမှုကို ပြသမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်မှာ စီးပွားရေး ကိစ္စတွေလည်း မလွဲမသွေ ပါဝင်ပါတယ်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment