Transparency Myanmar

transparency.myanmar@gmail.com

BBC News, 13th September 2010

ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံများမှ အလုပ်သမား ထောင်ပေါင်း များစွာက သီတင်း တစ်ပတ်ကြာ ဆန္ဒပြမှုများကို စတင် လှုပ်ရှားခဲ့ကြသည်ဟု သိရှိရသည်။

ဆန္ဒပြကြခြင်း၏ အကြောင်းရင်းမှာ နည်းပါးလှသော လစဉ် လုပ်ခ လစာကို ၅ ဒေါ်လာသာ တိုးပေးခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့၏ အလုပ်သမား သမဂ္ဂများက နည်းလွန်းသဖြင့် လက်မခံဟု သိရသည်။

ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံများမှ အဝတ်အထည်များကို ဝယ်ယူနေကြသော ကမ္ဘာ့ နာမည်ကြီး တံဆိပ်များတွင် Gap၊ Levi's နှင့် Marks and Spencer တို့လည်း ပါဝင်သည်။

ဆန္ဒပြပွဲများသို့ အလုပ်သမား ၈ သောင်းခန့် ပါဝင် ပူးပေါင်းကြမည်ဟု သမဂ္ဂ ခေါင်းဆောင်များက ပြောကြားသော်လည်း အစောပိုင်း လက္ခဏာများအရ အနည်းငယ်သာ ပါဝင် ခဲ့ကြသည်ကို တွေ့ရှိရသည်။

ဖနွမ်းပင် တဝိုက်ရှိ အထည်စက်ရုံ များမှာမူ ပုံမှန် လည်ပတ်နေဆဲ ဖြစ်သည်။

ယင်းသို့ လည်ပတ်နေမှုကြောင့် ယခင် အပတ်က ကမ္ဘောဒီးယား အလုပ်သမား အဖွဲ့ချုပ်နှင့် သဘော တူညီမှု ရရှိထားသည်ဟု ယူဆနေကြသော အလုပ်ရှင်များ အတွက် သက်သာရာ ရစေသည်။

အလုပ်ရှင်များက အကျိုး ခံစားခွင့် အစီအစဉ်ကို ပြန်လည် စေ့စပ် ညှိနှိုင်းရန် ကမ်းလှမ်းခဲ့ကြပြီး၊ အပြန် အလှန် အားဖြင့် အလုပ်သမား အဖွဲ့ချုပ်က ဆန္ဒပြမှုများနှင့် အနည်းဆုံး လစာကို ၅၀ % တိုးပေးရန် တောင်းဆိုထားမှုများကို ရုတ်သိမ်းပေးရမည်ဟု ဆိုသည်။

အထည်ချုပ် လုပ်သား သမဂ္ဂ အများစုမှာ လစဉ် လုပ်ခ လစာ အပေါ် ၅ ဒေါ်လာ တိုးပေးမှုကို လက်ခံခဲ့ကြပြီး ဖြစ်သည်။

ယခု ဆန္ဒပြမှုများကြောင့် ကမ္ဘောဒီးယား အထည်ချုပ် ကဏ္ဍ ပြန်လည် နာလံထူလာမှုကို ထိခိုက် စေနိုင်သည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကာလအတွင်း ရုန်းကန်ခဲ့ရသော အထည်ချုပ် လုပ်ငန်းမှာ ယခုနှစ် ပထမနှစ်ဝက် အတွင်း လျင်မြန်စွာ ကြီးလာခဲ့သည်။

ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံများသည် "အလုပ်သမား ကွင်းဆက်" ဟု ခေါ်သော မူဝါဒကြောင့် နာမည်ကြီး တံဆိပ် အဝတ်အထည် ကုမ္ပဏီများကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းမူဝါဒ အရ အလုပ်လုပ်၍ ကောင်းသော အခြေအနေများကို အာမခံချက် ပေးထားပြီး ILO ကလည်း စက်ရုံ စစ်ဆေးမှုများကို ညှိနှိုင်းပေးသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment