Transparency Myanmar

transparency.myanmar@gmail.com

www.english.donga.com, 18th September 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီက ၎င်း၏ အငယ်ဆုံးသားအား အာဏာ လွှဲပြောင်းမည့် သတင်းကို ငြင်းဆိုခဲ့သည်ဟု တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားခဲ့ကြောင်း အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက ကိုးကား ပြောဆိုလိုက်သည်။

Carter Center's homepage တွင် ၎င်း၏ တရုတ် ခရီးစဉ် အကြောင်း ဖော်ပြရာတွင် ကာတာက "စက်တင်ဘာ ၆ ရက်နေ့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်နဲ့ တွေ့ဆုံခဲ့တုန်းက ကျွန်တော်တို့ ကိုယ်စားလှယ် အဖွဲ့ အံ့အားသင့် သွားခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

တရုတ် ဝန်ကြီးချုပ်၏ ပြောဆိုမှုကို ကာတာက ပြန်လည် ဖော်ပြရာတွင် ကင်ဂျုံအီ ယခင်လက ဘေဂျင်းသို့ လာရောက်စဉ် ၎င်း၏ သားငယ်အား အာဏာ လွှဲပြောင်းမည် ဟူသော မှန်းဆချက်များကို အနောက်တိုင်းမှ ကောလာဟလ သတင်းမှားများ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

အမေရိကန် သမ္မတဟောင်းက ယခုကိစ္စနှင့် ပတ်သက်၍ အံ့အားသင့်ရကြောင်းနှင့် မြောက်ကိုရီးယား အာဏာ လွှဲပြောင်းမှု သတင်း၏ နောက်ကွယ်မှ အမှန် သတင်းကို အတည်ပြုရန် အချိန် ပိုမို လိုအပ်သည်ဟု ဆက်လက် ပြောကြားခဲ့သည်။

သမ္မတဟောင်း ကာတာက "၎င်း၏ လတ်တလော ပြုံယမ်း ခရီးစဉ်ကို ဝမ်ကျားပေါင်က စိတ်ဝင်စားကြောင်း ပြသခဲ့ပြီး၊ ကာတာသည် ပြုံယမ်းမှ ရလာသော သတင်းကောင်းကို ကင်ဂျုံအီ တရုတ်သို့ ယူဆောင်လာသော သတင်းကောင်းနှင့် အလားတူပင် ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်" ဟု ပြောကြားသည်။

ကာတာသည် မြောက်ကိုရီးယားတွင် ဖမ်းဆီးခြင်း ခံနေရသော အမေရိကန် နိုင်ငံသား Aijalon Mahli Gomes လွတ်မြောက်ရေး အတွက် သြဂုတ်လ ၂၅ ရက်တွင် ပြုံယမ်းသို့ သွားရောက်ခဲ့သော်လည်း ကင်ဂျုံအီနှင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပါ။

မြောက်ကိုရီးယား အလုပ်သမားပါတီ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း သိသိသာသာ နှောင့်နှေး ကြန့်ကြာနေချိန်တွင် ဂျင်မီကာတာ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းသို့ နှောင့်နှေး ကြန့်ကြာမှုသည် ကင်ဂျုံအန်း၏ အာဏာ ဆက်ခံခွင့် အပေါ် မြောက်ကိုရီးယား အစိုးရအဖွဲ့ အတွင်း အငြင်းပွားနေမှုနှင့် ဆက်စပ်နိုင်သည်ဟု မြောက်ကိုရီးယား သတင်းရပ်ကွက်က ခန့်မှန်းလျက် ရှိသည်။

အဆိုပါ ကိစ္စ အပေါ် ဆိုးလ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း မှတ်ချက် အမျိုးမျိုး ပေးခဲ့ကြသည်။

"ကိုယ်စားလှယ် ညီလာခံကတဆင့် တရားဝင် အာဏာ အမွေခံမယ့် ကင်ဂျုံအန်းရဲ့ ရည်မှန်းချက် ပျက်ပြားသွားချိန်မှာ ထွက်ပေါ်လာတဲ့ ကာတာရဲ့ မှတ်ချက်တွေကို အလေးထား သင့်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

"ကင်ဂျုံအန်းနဲ့ အလုပ်သမားပါတီ အုပ်ချုပ်ရေး ဌာန ဒါရိုက်တာ ဂျန်ဆောင်တိတ်တို့ အကြားက အာဏာ လုပွဲ (သို့) ကင်ဂျုံအီရဲ့ အာဏာလွှဲမယ့် အစီအစဉ် ပြောင်းလဲမှုဟာ ဖြစ်နိုင်ခြေ ရှိလို့ ပယ်ပစ်လို့ မရနိုင်ပါဘူး" ဟု အခြားတစ်ဦးက ပြောကြားသည်။

သို့သော်လည်း နောက်တစ်ဦးကမူ "ကင်ဂျုံအန်း အာဏာ ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ညီလာခံ ကြန့်ကြာနေတာက ရေဘေး ဒုက္ခကြောင့်ပါ။ ညီလာခံ ကျင်းပဖို့ မဖြစ်နိုင်လောက်အောင် ဆိုးဆိုးဝါးဝါး ထိခိုက် ပျက်စီးသွားတယ်လို့ ပြုံယမ်းက ဆုံးဖြတ်လိုက်တဲ့ လက္ခဏာ ရှိပါတယ်" ဟု ဆိုပြန်သည်။

သီးခြားကိစ္စ တစ်ရပ် အနေဖြင့် ကြာသပတေးနေ့ နယူးယောက်တိုင်း သတင်းစာတွင် ပါဝင်သော ဆောင်းပါးတွင် ဂျင်မီကာတာက "မြောက်ကိုရီးယားသည် ငြိမ်းချမ်းရေး စာချုပ်နှင့် ကိုရီးယား ကျွန်းဆွယ် နျူကလီယာ ကင်းစင်ရေး အတွက် အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယားတို့နှင့် ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်လိုကြောင်း ထင်ရှားသည့် လက္ခဏာများ ပြသနေသည်" ဟု ပြောကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment