Transparency Myanmar

transparency.myanmar@gmail.com

The Hindu, By AP, 17th September 2010

ရာပေါင်း များစွာသော အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများသည် သောကြာနေ့က နှင်းဆီပန်းများ ကိုင်ဆောင်၍ ထိုင်းနိုင်ငံရှိ ထောင်များ အနီးတွင် ထောင်ကျနေသော ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များအား ထောက်ခံကြောင်း ပြသခဲ့ကြသည်။ စစ်တပ်မှ နှိမ်နင်းပြီး နောက်ပိုင်း သာမန်အားဖြင့် ငြိမ်သက်နေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အဆိုပါ ဆန္ဒပြမှုများတွင် လူပေါင်း ၉၀ ခန့် သေဆုံးပြီး ၁၄၀၀ ကျော် ဒဏ်ရာရပြီး၊ ထိပ်တန်း ခေါင်းဆောင်များ အဖမ်းခံခဲ့ရသည်။

ဘန်ကောက်သည် ပြီးခဲ့သည့် ဧပြီလက အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားသည့် နေရာတွင်ပင် ရှိနေဆဲ ဖြစ်သည်။ အစိုးရသည် ယခုအပတ် ဆန္ဒပြမှုများတွင် ထတ်လန့်ဖွယ်များ မပြုလုပ်ရန် သတိပေးထားသည်။ ပြီးခဲ့သည့် အပတ်က မြို့တော်၏ နေရာ အတော်များများတွင် စစ်သားများ ချထားခဲ့သည်။

"နှင်းဆီနီတွေ လာရောက် ချထားခြင်းကတော့ မတရား အဖမ်းခံရတဲ့ ကျွန်တော်တို့ လူတွေ အပေါ် စိုးရိမ်မှုတွေကို ဖော်ပြတာပါပဲ" ဟု ရှပ်နီခေါင်းဆောင် Jatuporn Prompan က ပြောသည်။ ၎င်းသည် ပါလီမန် အဖွဲ့ဝင် ဖြစ်သောကြောင့် အဖမ်းမခံရပေ။

"ကျွန်တော်တို့ ငြိမ်းချမ်းစွာ လာတာပါ။ စိုးရိမ်မှု အပြည့်နဲ့ လာတာပါ။ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ပြန်လည် ထွက်ခွာသွားမှာပါ။ ကျွန်တော်တို့မှာ အကြမ်းဖက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး" ဟု Jatuporn က ဘန်ကောက် အထူးထောင် အပြင်ဖက်တွင် ပြောကြားခဲ့သည်။ ရာချီသော လူအုပ်ကြီးက "ရှပ်နီ၊ ရှပ်နီ၊ ချချ" ဟု ကြွေးကြော်နေကြသည်။

ရှပ်နီ အများစုသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံကြသည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက် အာဏာသိမ်းမှု အပြီးတွင် ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့ပြီး လာဘ်စားမှု၊ ဘုရင်ကို မလေးစားမှုတို့ဖြင့် စွပ်စွဲခံရသူ ဖြစ်သည်။

အာဏာသိမ်းမှုသည် ထိုင်းလူမျိုးများ ကြားတွင် နှစ်ခြမ်းကွဲ သွားစေသည်။ သက်ဆင် ထောက်ခံသူ အများစုသည် ကျေးလက်မှ ဆင်းရဲသူများ ဖြစ်ပြီး ၎င်း၏ လူမှုဖူလုံရေး အစီအစဉ်များကြောင့် များစွာ အကျိုးရှိခဲ့ရသူများ ဖြစ်သည်။ ၎င်းတို့သည် သက်ဆင် ထွက်ပြေးရမှု အတွက် မကျေနပ်ကြပေ။

သက်ဆင်ကို ဆန့်ကျင်သူ အများစုမှာမူ မြို့ပြ လူလတ်တန်းစားနှင့် အီလစ်များ ဖြစ်ပြီး၊ ၎င်းတို့က သက်ဆင်သည် ဒီမိုကရေစီကို ခြိမ်းခြောက်လာပြီး၊ သက်ဆင်၏ ပေါ်ပြူလာ ဖြစ်ရေး ပေါ်လစီသည် ၎င်းတို့၏ ရပိုင်ခွင့်များကို အန္တရာယ် ပြုလာပြီဟု မြင်ကြသည်။

လာမည့် တနင်္ဂနွေနေ့ အာဏာသိမ်းမှု နှစ်ပတ်လည် ဆန္ဒပြပွဲကို ချင်းမိုင်တွင် ပြုလုပ်မည် ဖြစ်သည်။ ချင်းမိုင်သည် သက်ဆင်၏ ဇာတိ ဖြစ်ပြီး ရှပ်နီများ ခြေကုတ် ယူထားသောမြို့ ဖြစ်သည်။

သက်ဆင်သည် လာဘ်စားသည်ဟု တရားစွဲ ခံရမည် ဖြစ်၍ ၂၀၀၈ ခုနှစ်တွင် ထွက်ပြေးခဲ့သည်။

ရှပ်နီများ၏ အဆိုအရ ၎င်းတို့၏ ခေါင်းဆောင်များနှင့် ထောက်ခံသူ ၂၅၂ ဦးခန့်သည် ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ ထောင်များတွင် ထန်းသိမ်းခံနေရသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment