Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ဒေါ်လာ သန်း ၆၅၀ ခန့် ကုန်ကျမည် ဖြစ်ပြီး မြန်မာနိုင်ငံ နယ်စပ် ဒေသသို့ ချိတ်ဆက်ပေးမည့် မီးရထားလမ်း ဖောက်လုပ်ရန် အိန္ဒိယ အစိုးရက အတည်ပြုပြီး ဖြစ်ကြောင်း အိန္ဒိယ ရထားပို့ဆောင်ရေး ဝန်ကြီးက ပြောကြားသည်။

မိုးရေးမြို့မှတစ်ဆင့် မဏိပူရပြည်နယ်၊ အနောက်ပိုင်း ဂျာရာဘန်းသို့ ချိတ်ဆက် ဖောက်လုပ်မည့် အဆိုပါ မီးရထားလမ်းသည် ကီလိုမီတာ ၂၀၀ ရှည်လျားမည် ဖြစ်ကြောင်း မီးရထား ဝန်ကြီး Rajan Velu က ယခု ရက်သတ္တပတ် အတွင်း ပြုလုပ်သည့် ပါလီမန် အစည်းအဝေးတွင် ပြောကြားသည်။

ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းအတွက် လိုအပ်သော လေ့လာ တိုင်းတာမှုများကို အိန္ဒိယ နိုင်ငံပိုင် Rail India Technical and Economic Services ကုမ္ပဏီ (RITES) က အပြီးသတ် ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ RITES ၏ အဆိုအရ ရထားလမ်း ဖောက်လုပ်ရေး အတွက် ဘတ်ဂျက်ငွေ ဒေါ်လာ ၆၄၉ သန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ အဆိုပါ ရထားလမ်းသည် အိန္ဒိယနှင့် အာဆီယံ နိုင်ငံများ၏ သဘော တူညီချက် တစ်ရပ် ဖြစ်သော အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ် ဒေသနှင့် မဲခေါင်မြစ် ဒေသအကြား စီးပွားရေး ချိတ်ဆက် လုပ်ကိုင်မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

မြန်မာ အစိုးရက နိုင်ငံအတွင်းမှ ရထားလမ်းပိုင်းကို တိုးချဲ့ ဖောက်လုပ်ပေးမည်ဟု အစောပိုင်း ကာလက သဘော တူညီခဲ့ပြီး တမူနှင့် ဆက်ကြီးကြားမှ ရှိပြီးသား ရထားလမ်းပိုင်းကို ပြင်ဆင် မွမ်းမံခဲ့သည်။ သို့သော် အဆိုပါ ကိစ္စနှင့် ပတ်သက်သော ဖြစ်ပေါ် တိုးတက်မှု အဆင့်ဆင့်ကို သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

Irrawaddy သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment