Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရသည် ရုရှားနိုင်ငံမှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစင်း ၅၀ နှင့် Mi-2 အမျိုးအစား သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် ၁၂ စင်း ဝယ်ယူလိုက်ကြောင်း သိရသည်။ Mi-24 စစ်သုံး ရဟတ်ယာဉ်မှာ အလေးချိန် ၁၂ တန် ရှိကာ လူရှစ်ဦး သို့မဟုတ် ကုန်ပစ္စည်း တင်ဆောင်နိုင်သည့် နေရာ ပါဝင်သည်။ Mi-24 သည် ရော့ကက်များ၊ ဒုံးကျည်များနှင့် ဗုံးများလည်း သယ်ဆောင်နိုင်ပြီး လက်ရှိ အနေအထားတွင် နိုင်ငံပေါင်း ၃၀ ကျော်၌ အသုံးပြုလျက် ရှိသည်။ Mi-24 သည် စွမ်းဆောင်ရည် မြင့်မားမှု၊ ယုံကြည် စိတ်ချရမှု တို့ကြောင့် အောင်မြင် ကျော်ကြားသော စစ်သုံး ရဟတ်ယာဉ် အမျိုးအစား ဖြစ်သည်။

Mi-2 ရဟတ်ယာဉ်မှာ ၃ ဒဿမ ၅ တန် အလေးချိန် ရှိပြီး ၁၉၆၀ ပြည့်နှစ်များက ထုတ်ခဲ့သော ရဟတ်ယာဉ် ဒီဇိုင်းမျိုး ဖြစ်သည်။ ယခုအခါ Mi-2 ကို ပိုလန် နိုင်ငံတွင်သာ တပ်ဆင် ထုတ်လုပ်တော့သည်။ ၎င်းသည် လူရှစ်ဦး (ပိုင်းလော့ တစ်ဦး) သို့မဟုတ် ကီလိုဂရမ် ၇၀၀ (ပေါင် ၁၅၀၀) အလေးချိန် ရှိသော ကုန်ပစ္စည်းများကို တင်ဆောင်နိုင်သည်။

ရုရှားသည် ယခုအခါ Mi-24 နှင့် Mi-2 ရဟတ်ယာဉ် နှစ်မျိုး စလုံးကို အစားထိုး ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်။ သို့သော် နှစ်မျိုးစလုံးမှာ ယုံကြည် စိတ်ချရခြင်း၊ အသုံးဝင်ခြင်းနှင့် ဈေးနှုန်း ချိုသာခြင်း တို့ကြောင့် စစ်လက်နက် ဈေးကွက်တွင် အောင်မြင်လျက် ရှိရာ အစားထိုး ထုတ်လုပ်မည် ဆိုပါက ခက်ခဲလိမ့်မည် ဖြစ်သည်။

မြန်မာ နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို နှိမ်နင်းရန် အဆိုပါ ရဟတ်ယာဉ်များ ထပ်မံ ဝယ်ယူလိုသည်။ သတင်းများအရ မြန်မာနိုင်ငံတွင် Mi-24 နှင့် Mi-2 အမျိုးအစား ရဟတ်ယာဉ်မျိုးများ ဒါဇင်နှင့် ချီ၍ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

Burma Delight မှ သတင်းကို ဘာသာ ပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment