Transparency Myanmar

transparency.myanmar@gmail.com

The Washington Post, By Glenn Kessler, 24th September 2010

          မြန်မာ စစ်အစိုးရသည် အငြင်းပွားဖွယ် ရွေးကောက်ပွဲများ နိုဝင်ဘာတွင် ကျင်းပပြီးသည့် နောက်တွင် ဒေါ်အောင်ဆန်းစုကြည် အစရှိသော ပုဂ္ဂိုလ်များက အစ ပိုမို ပါဝင်နိုင်မည့် နိုင်ငံရေး စနစ်ကို ခွင့်ပြုရမည် ဖြစ်ကြောင်း ကြာသပတေးနေ့ ညနေက ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ပြောကြားခဲ့သည်။

          ဘန်ကောက်ရှိ ဆန္ဒပြသူများကို နှိမ်နင်းရန် ဧပြီလက အရေးပေါ် အမိန့် ထုတ်ပြန် ခဲ့ရခြင်းနှင့် ပတ်သက်၍လည်း အဘီဆစ်က ကာကွယ် ပြောကြားခဲ့သည်။ ယခုကဲ့သို့ အရေးပေါ် အမိန့် ဆက်လက် ထားရှိခြင်းသည် အာဏာပိုင်များအား တရားဝင် နှိပ်စက် ညှဉ်းပမ်း ခွင့်ပြုထားသည်နှင့် တူကြောင်း Human Rights Watch က ကြာသပတေးနေ့က ကန့်ကွက် ပြောဆိုခဲ့သည်။

          အဘီဆစ်က ပြောကြားရာတွင် Human Rights Watch ၏ စိုးရိမ် ပူပန်မှုများ အတွက် အစိုးရက ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ သို့သော် စိတ်မကောင်းသည့် အချက်မှာ အစိုးရ အပေါ် အန္တရာယ် ရှိနေသည့် ကိစ္စများ အပေါ် အသိအမှတ် မပြုခဲ့ခြင်းကို ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "အရေးပေါ် ဥပဒေဟာ ညှဉ်းပမ်း နှိပ်စက်ဖို့ အတွက် မဟုတ်ဘဲ၊ တည်ငြိမ်မှု ရရှိရေး အတွက် ဆိုတာ သူတို့ သဘော ပေါက်ပါစေလို့ ဆုတောင်းပါတယ်" ဟု ၎င်းက ပြောသည်။ "သာမန် လူတစ်ဦးက ဥပဒေဟာ သူတို့ အတွက် ဘာမှ မထိခိုက်ပါဘူးလို့ ပြောမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်" ဟု ၎င်းက ဆိုသည်။

          နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၉၀ ခုနှစ် သူမ၏ ပါတီ ရွေးကောက်ပွဲ အနိုင်ရပြီး၊ အစိုးရမှ လက်ခံရန် ငြင်းပယ် ပြီးချိန်မှစ၍ နေအိမ် အကျယ်ချုပ် အဖြစ် ထပ်ခါထပ်ခါ ချမှတ်ခံ နေရသည်။ အဘီဆစ်က ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးခံရပြီး၊ သူမ၏ပါတီ၊ တိုင်းရင်းသားများ၊ ဘုန်းတော်ကြီးများ၊ ကျောင်းသားများနှင့် လူ့အခွင့်အရေး အုပ်စုများက ရွေးကောက်ပွဲကို အတုအယောင်သာ ဖြစ်ကြောင်း ကန့်ကွက် ပြောဆိုခဲ့ကြောင်း ဆိုသည်။

"သဘာဝကျကျ စဉ်းစားမယ်ဆိုရင် ရွေးကောက်ပွဲ လုပ်ပေုးံနဲ့ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာ အားလုံးက မျှော်လင့်ပြီးသားပါ" ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်လျက် ရှိသော အသက် ၄၆ နှစ်ရှိ အဘီဆစ်က နယူးယောက်တွင် အင်တာဗျူး တစ်ခုပြောကြားခဲ့သည်။ "ရွေးကောက်ပွဲကို ပထမ ခြေလှမ်းအဖြစ်နဲ့သာ မှတ်ယူသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ခြေလှမ်းက ကျယ်ကျယ် လှမ်းနိုင်လား ဆိုတာကတော့ ဘယ်လောက် မျှော်လင့်သလဲဆိုတာနှဲု့ဒေါင့် အပေါ်မှာပဲ မူတည်ပါတယ်" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ အနေနဲ့ကတော့ အရေးကြီးတဲ့ အချက်ကတော့ သူတို့ ရှေ့ဆက် လှမ်းတာနဲ့အမျှ အားလုံး ပါဝင်တဲ့ လုပ်ငန်းစဉ် ဖြစ်လာဖို့ရယ်၊ နောက်ထပ် လှမ်းမယ့် ခြေလှမ်းတွေ အတွက် အခြေခံ အုတ်မြစ် ဖြစ်ဖို့ရယ်၊ တိုင်းရင်းသား အုပ်စုများနဲ့ ပြန်လည် ပေါင်းစည်းရေးတွေ လည်း ပါဝင်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီသည် ပြည်သူလူထု၏ ဘဝထဲတွင် ပြန်လည် ပါဝင် လာသင့်သလားဟု သီးခြား မေးမြန်းရာ "အစိုးရ အနေနဲ့ အားလုံး ပါဝင်နိုင်အောင် လမ်းဖွင့် ပေးသင့်ပါတယ်" ဟု အဘီဆစ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်စပ်ကို ထိစပ်လျက် ရှိသည်။ အဘီဆစ်သည် ၎င်း၏ ရှေ့မှ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ထက် စာလျှင် မြန်မာနိုင်ငံကို အဆိုးမြင်သူ တစ်ဦး ဖြစ်သည်။ အဘီဆစ်သည် ဝန်ကြီးချုပ် ရာထူး ရရှိပြီး ယခုထိ နှစ်နှစ် ကြာသည့်တိုင် အစီအစဉ် ရေးဆွဲ၍ အဆင်မပြေမှုကြောင့် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်နိုင်ခြင်း မရှိသေးပေ။

"တစ်ခုခု ဖြစ်မလာရင်တော့ နောက်လလောက်မှာ သွားသင့်တယ် ထင်တာပဲ" ဟု အဘီဆစ်က ပြောသည်။

မြန်မာနိုင်ငံသည် မတည်ငြိမ်မှုကို ဖြစ်စေကြောင်း၊ တိုင်းရင်းသား ဒုက္ခသည်များ ဝင်ရောက်လာမှုကို ဖြစ်စေကြောင်း၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်မှု ဖြစ်စေကြောင်း၊ နယ်စပ်တွင် မြန်မာ အစိုးရတပ်များ ပိုမို တိုးတက် ချထားမှုများ ရှိကြောင်း အဘီဆစ်က လက်ခံ ယုံကြည် ထားသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် အခြား ရာဇဝတ်မှုများ ဖြစ်စေသော ရွေ့ပြောင်း လုပ်သားများ ဝင်ရောက်မှုကို ယန္တရား အသစ်ဖြင့် ရပ်ဆိုင်းအောင် ကူညီ လုပ်ဆောင်ရန် လိုကြောင်း အဘီဆစ်က ပြောသည်။ ပထမ ခြေလှမ်းအဖြစ် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား မည်မျှရှိကြောင်း သိရန် လုပ်နေကြောင်း၊ လက်ရှိ ၃ သန်းခန့် ရှိမည်ဟု ခန့်မှန်းသော်လည်း၊ စာရင်း ကောက်ယူမှု အသစ်အရ ထိုထက် ပိုနိုင်သည်ဟု ပြသနေကြောင်း ၎င်းက ဆိုသည်။

မော်စကိုကုရှားသို့ ပြန်ပို့ရန် တောင်းနေသော အမေရိကန်က ပြစ်ဒဏ် ချမှတ်လိုသော လက်နက် ရောင်းဝယ်သူ အဖြစ် စွပ်စွဲထားသော Viktor Bout ၏ အကိုင်အတွယ်ရ ခက်သော ကိစ္စနှင့် ပတ်သက်၍ အဘီဆစ်က ပြောကြားရာတွင် တရာုးံး လုပ်ငန်းစဉ်များ လုပ်နေဆဲ ဖြစ်ကြောင်း၊ နောက်ဆုံး ဆုံးဖြတ်ချက်ကိုမူ ၎င်းက ချမှတ်ရမည် ဖြစ်ကြောင်း ဆိုသည်။

"ဒီနိုင်ငံ နှစ်ခုစလုံးနဲ့ ပြဿနာ ဖြစ်မယ့် ဆက်ဆံရေးမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး" ဟု သူက ပြုံး၍ ဆိုသည်။ "နှစ်နိုင်ငံ စလုံးဟာ ကျွန်တော်တို့ မပါဘဲ အချင်းချင်း ညှိနှိုင်း ဖြေရှင်းနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်" ဟု အဘီဆစ်က ပြောသည်။

အဘီဆစ်သည် အခြား အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် အတူ သောကြာနေ့တွင် သမ္မတ Obama နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး၊ Obama အစိုးရသည် အရှေ့တောင် အာရှနှင့် ပြန်လည် ဆက်ဆံလိုကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု အဘီဆစ်က ပြောသည်။

"ဒါပေမယ့် လက်ဆုပ်လက်ကိုင် ရလဒ်တစ်ခုခု ရသင့်တယ် ဆိုတဲ့ ဖိအားတွေတော့ ပိုရှိလာတာပေါ့။ ပိုမို ခိုင်မာတဲ့ အဆိုပြုမှုတွေ လိုချင်ပါတယ်။ တိတိပပ ဆိုရရင် အခု ပျောက်ဆုံးနေတဲ့ ကူးသန်း ရောင်းဝယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု နယ်တွေမှာပေါ့" ဟု အဘီဆစ်က သတိပေးသည်။

လုံခြုံရေးနှင့် ဒေသတွင်းတွင် အမေရိကန်၏ ပါဝင်မှုသည် အရေးကြီးကြောင်း၊ သို့သော် ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု သဘောတူညီမှုသည် အမေရိကန်နှင့် အရှေ့တောင် အာရှကြား ဆက်ဆံရေးကို အမြန်ဆုံး မြင့်တင်နိုင်မည့် နည်းလမ်း ဖြစ်သည်ဟု အဘီဆစ်က ပြောကြားခဲ့သည်။ အာဆီယံသည် တုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများဖြင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် ရှိပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အထက်ပါ သဘော တူညီမှုများ အတွက် ကွန်ဂရက်၏ သဘော တူညီချက်ရရန် နိုင်ငံရေးအရ အခက်အခဲများ ရှိနေသည်ကို နားလည် လက်ခံကြောင်း အဘီဆစ်က ပြောသည်။ သို့သော် ၎င်းက ဖြည့်စွက် ပြောကြားရာတွင် "အနာဂတ်မှာ ကမ္ဘာ့ကြီး အဆင့်တွင် တိုးတက်မှု အတွက် အင်ဂျင်ဟာ ဒီမှာပဲ ရှိပါတယ်" ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment