Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲ ကုန်သွယ်မှု ကော်မရှင် စတုတ္ထ အကြိမ်မြောက် ဆွေးနွေးပွဲသည် စက်တက်ဘာလ ၂၂ ရက်နေ့တွင် ဒါကာမြို့၌ ကျင်းပ ပြီးဆုံးသွားကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား လယ်ယာမြေ ငှားရမ်းနိုင်မည် မဟုတ်သကဲ့သို့ လျှပ်စစ် ဓာတ်အား စက်ရုံ ပူးပေါင်း ဆောင်ရွက်မှုလည်း လုပ်ဆောင်နိုင်မည် မဟုတ်ဟု မြန်မာ ကိုယ်စားလှယ်များက ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းရင်းမြစ်က ဆိုသည်။

နှစ်ရက်တာ ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များက ယခင် တတိယအကြိမ် ဆွေးနွေးပွဲ၌ ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်များကို ပြန်လည် စိစစ်သုံးသပ်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ လယ်ယာမြေဧက ငါးသောင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံ လယ်သမားများ ထွက်ယက် စိုက်ပျိုးရန် ငှားရမ်းမည်ဟု ယခင်က နှစ်နိုင်ငံ သဘောတူရှိမှု ရှိထားခြဲ့ပီး မြန်မာနိုင်ငံတွင်း လျှပ်စစ် ဓာတ်အား စက်ရုံတစ်ရုံ အကျိုးတူ ဖက်စပ် လုပ်ကိုင်ရန်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြုခဲ့သည်။

ယခု တစ်ကြိမ် ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၂ ရက်က ဒါကာမြို့ Dhaka Sheraton ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး ဦးအောင်ထွန်း ဦးဆောင်သော အဖွဲ့ဝင် ၂၂ ဦးပါ မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Md Ghulam Hossain က ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။

သတင်းရင်းမြစ်များ အဆိုအရ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ဖြစ်ပေါ်နေသည့် မျိုးစုံသော ပြဿနာများကိုလည်း ဆွေးနွေး ညှိနှိုင်းခဲ့သည်။ နှစ်နိုင်ငံ အကြား Letter of Credit (LC) ငွေပေးချေမှု အပေါ် ကန့်သတ်ချက်များ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်အရ ယခင်က အမေရိကန် ဒေါ်လာ နှစ်သောင်းအထိသာ ကန့်သတ်ခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာ ငါးသောင်းအထိ တိုးမြင့်လာတော့မည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် စီးပွားရေး လုပ်ငန်းရှင်များ အတွင်း မြန်မာနိုင်ငံ ဗီဇာသက်တမ်း တိုးမြှင့်ပေးရေး၊ မြန်မာနိုင်ငံ မြို့တော် နေပြည်တော် အပါအဝင် အခြားသော မြို့များသို့ ၎င်းတို့အား သွားရောက် လည်ပတ်ခွင့် ပြုရေးတို့ ပါဝင်သည်။ လက်ရှိ အနေအထားတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ် (ပတ်စပို့) ကိုင်ဆောင်သူ စီးပွားရေး သမားများ အနေဖြင့် နယ်စပ်ဒေသမြို့ ဖြစ်သော မောင်းတောမြို့သို့ ၇ ရက် သက်တမ်းရှိ ဗီဇာဖြင့် ဝင်ရောက်နိုင်သည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ရေး၊ နယ်စပ် ကုန်သွယ်ရေး အပါအဝင် ဘဏ်လုပ်ငန်းစနစ် အစရှိသော အရေးးကိစ္စများကို ဆွေးနွေးခဲ့ ကြသည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံသည် ပူးတွဲ ကုန်သွယ်ရေး ကော်မရှင် (JTC) ဆွေးနွေးပွဲကို နှစ်စဉ် ကျင်းပလေ့ ရှိသည်။

Narinjara.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment