Transparency Myanmar

transparency.myanmar@gmail.com

The Korea Times, 26th Sept 2010

တောင်ကိုးရီးယား နိုင်ငံက လူ့အသက်များ ဆုံးရှုံးခဲ့သည့် စစ်သင်္ဘော နစ်မြုပ်မှုအတွက် မြောက်ကိုးရီးယား နိုင်ငံအား တာဝန်ယူရန် ဆက်လက် ရန်စကျူးကျော်မှု မပြုလုပ်ရန်နှင့် နျူကလီယာ ရည်မှန်းချက်များကို စွန့်လွှတ်ရန် စနေနေ့က တိုက်တွန်းလိုက်သည်ဟု ယွန်ဟတ် သတင်းဌာနက သတင်း ဖော်ပြသည်။

နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မိန့်ခွန်း ပြောကြားစဉ် ယာယီ နိုင်ငံခြား ဝန်ကြီး ရှင်ကတ်ဆုက "အကယ်၍ ပြုံယမ်း၏ စိတ်နေ သဘောထား ပြောင်းလဲမည် ဆိုပါက အဆင်သင့် ရှိသည်'' ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုးရီးယားအား ၎င်း၏ တိုင်းပြည်နှင့် ပြည်သူများအတွက် ကောင်းမွန်သော အနာဂတ် ဖြစ်ပေါ်စေမည့် မှန်ကန်သော ရွေးချယ်မှု ပြုလုပ်စေရန် တောင်ကိုးရီးယားက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူတကွ လုပ်ဆောင်သွားမည်ဟု ရှင်ကတ်ဆုက ကတိပြုလိုက်သည်ဟု သတင်း ဖော်ပြမှုအရ သိရှိရသည်။

"အရေးယူ ဒဏ်ခတ်မှုများနှင့် ပစ်ပယ်ထားမှုကို စွန့်ခွာနိုင်ရန်အတွက် မြောက်ကိုးရီးယား အနေဖြင့် ၎င်း၏ နျူကလီယာ အစီအစဉ် ဖျက်သိမ်းမည့် ကတိကဝတ်များကို လိုက်နာ စောင့်ထိန်းရန် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ကို ပြုလုပ်သင့်သည်" ဟု ယွန်ဟတ် သတင်းဌာနက ဆိုသည်။

နျူကလီယာ ကင်းစင်သွားမည့် မြောက်ကိုးရီးယားသည် လက်ရှိ စိတ်ဆင်းရဲစရာ ကောင်းသော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှု မရှိသော အနေအထားမှ ၎င်း၏ ပြည်သူများကို ကယ်တင် စောင့်ရှောက်ရန် လမ်းသစ်ကိုလည်း ဖွင့်လှစ်နိုင်လိမ့်မည်ဟု ယွန်ဟတ်က ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment