Transparency Myanmar

transparency.myanmar@gmail.com

BBC News, 27th September 2010

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ယင်း၏သားဖြစ်သူ Kim Jong-un အား ဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ပြောကြားခဲ့သည်။

အာဏာရ ပါတီ၏ ဆယ်စုနှစ်အတွင်း အကြီးဆုံး အစည်းအဝေးအဝေးကို စတင်သည်နှင့် ယင်းသို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကင်ဂျုံအီသည် ယင်းတို့၏ မိသားစု မင်းဆက် ပိုမို ခိုင်မြဲအောင် ပြုလုပ်သည့် အနေဖြင့် ယင်း၏ သားအား အာဏာ ဆက်ခံသူအဖြစ် ပြင်ဆင်နေကြောင်း မတိုင်မီက ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။

ယခု ကြေညာချက်သည် ကင်ဂျုံအီ၏ တတိယသားအား နိုင်ငံပိုင် တရားဝင် မီဒီယာတွင် အမည် တပ် ပထမဦးဆုံး အကြိမ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အသက် (၆၈) နှစ်ရှိ ခေါင်းဆောင်သည် မကြာခဏ ကျန်းမာရေး မကောင်းကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းသည် လွန်ခဲ့သည့် နှစ်နှစ်က နှလုံးရောဂါ ခံစားခဲ့ရဟန် ရှိပြီး ဆေးကုသရန် တရုတ်ပြည်သို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ရသည်။

ယင်း၏ ကျန်းမာရေးနှင့် ပတ်သက်သော ကောလာဟလများကို Beijing က သော်လည်းကောင်း ပြုံးယမ်းက သော်လည်းကောင်း လူသိရှင်ကြား မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

အလုပ်သမား ပါတီ၏ ညီလာခံကို အင်္ဂါနေ့တွင် စတင်မည်ဟု ခန့်မှန်းရပြီး ခေါင်းဆောင်မှု အဖွဲ့သစ်ကို စတင် ဖွဲ့စည်းရန် ရည်ရွယ်ပုံ ရသည်။

ကင်ဂျုံအီအား ကြည့်ရသည်မှာ ပိန်အားနည်းပြီး နေမကောင်းသည့် ပုံပေါက်နေရာ ယခု အစည်းအဝေးပွဲကြီးသည် ယင်း၏ နေရာ ဆက်ခံမည့် နေရာတွင် Kim Jong-un အား တရားဝင် ဘိသိက် သွန်းလောင်းရန် ဖြစ်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။

အထက်ပါ ယူဆချက် မှန်ကန်ကြောင်း သက်သေထူသည့် အချက်တစ်ခုမှာ Kim Jong-Il ကိုယ်တိုင်က ၁၉၈၀ ခုနှစ် အဓိကပါတီ အစည်းအဝေးတွင် ယင်း၏အဖေထံမှ အာဏာ အမွေ ဆက်ခံရန် လျာထားခြင်း ခံခဲ့ရခြင်းကြောင့် ဖြစ်သည်။

အကယ်သာ Kim Jong-un ကို ယခုစစ်တပ် ရာထူးသစ်အပြင် ပါတီတွင် လူကြီးနေရာ ခန့်အပ် ခဲ့ပါက အာဏာရှင် နိုင်ငံသည် ယင်း၏ ခေါင်းဆောင်အား ဘာသာတရားသဖွယ် ကိုးကွယ်မှုအား မျိုးဆက်တစ်ခုသို့ ဆက်လက် ဖြစ်တည်စေရန် ခိုင်မာသော လက္ခဏာပင် ဖြစ်သည်။

အကယ်၍ နားလည်ရခက်သော လူငယ်၏ ဓာတ်ပုံများသည် ယင်း၏ အဖေ၊ အဖိုး တို့၏ ဓာတ်ပုံ များနှင့် ယှဉ် အိမ်တိုင်း၊ ရုံးတိုင်းတွင် ချိတ်ဆွဲလာပါက ယင်းသည် နောက်ဆုံး အတည်ပြုချက်ပင် ဖြစ်လိမ့်မည် ဖြစ်သည်။

ကင်ဂျုံအီ၏ ညီမဖြစ်သူ Kyong-Hui မှာလည်း ဗိုလ်ချုပ်ကြီးအဖြစ် ကိုးရီးယား ဗဟိုသတင်း အေဂျင်စီ (KCNA) က ကြေညာခဲ့သည်။

အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက မြောက်ကိုးရီးယား ခေါင်းဆောင်ပိုင်းအတွင်း မည်သို့ ဖြစ်ပျက်နေသည်ကို ပြောရန် စောလွန်းသေးကြောင်း၊ အမေရိကန် အနေဖြင့် မြောက်ကိုးရီးယား၏ ဖြစ်ပေါ် တိုးတက်မှုများကို သေချာစွာ စောင့်ကြည့်နေသည်ဟု ဆိုသည်။

တောင်ကိုးရီးယားမှ တနင်္လာနေ့က လာသော သတင်းများအရ စစ်တပ်သည် Kim Jong-un ကို ယင်း၏ ကိုယ်စားလှယ်အဖြစ် ကွန်ဖရင့်သို့ တက်ရောက်ရန် အမည်စာရင်း ပေးခဲ့သည်ဟု ဆိုသည်။

အမည် မဖော်နိုင်သော မြောက်ကိုးရီးယား သတင်းရင်းမြစ် တစ်ခု အဆိုအရ Kim Jong-un ၏ အကြောင်းကို ၀ါဒဖြန့် အစီအစဉ်များ စတင်နေပြီ ဖြစ်ကြောင်း ကိုးကား Chosun Ilbo သတင်းစာက ဖော်ပြခဲ့သည်။

ဆွစ်ဇာလန်တွင် ပညာ သင်ကြားခဲ့သော Kim Jong-un အကြောင်း သိရှိသူ နည်းပါးပြီး ယင်းသည် နှစ်ဆယ်ကျော် အစိတ်ပိုင်း ရှိမည်ဟု ခန့်မှန်းရသည်။

ယင်းသည် လျှို့ဝှက်သော တိုင်းပြည်တွင် ယင်း၏ဖခင်က ဆက်ခံသူအဖြစ် ရွေးချယ်ခြင်း ခံရသူ ဖြစ်ကြောင်း ယမန် နှစ်ကတည်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

လေ့လာသူများက ပြောကြားရာတွင် အတွေ့အကြုံ အနည်းငယ်မျှသာ ရှိရုံဖြင့် ယင်းဖခင်၏ တာဝန်ကို လွှဲပြောင်းယူခြင်းသည် ကြီးမားသော တာဝန်ကြီး ဖြစ်ကြောင်း ဆိုသည်။

မြောက်ကိုးရီးယား နိုင်ငံပိုင် မီဒီယာများက တနင်္လာနေ့က ဓာတ်ပုံများ ဖော်ပြရာတွင်  ကိုယ်စားလှယ်များသည် အချို့ ၀တ်စုံများ၊ စစ်ယူနီဖောင်းများဖြင့် ပြုံးယမ်းသို့ ရောက်ရှိလာပုံကို ပြသ ထားသည်။

မြို့တော်တစ်ခွင်တွင် အလံများ၊ ဆိုင်းဘုတ်များဖြင့် အစည်းအဝေးကို ကြေညာထားပြီး အလှဆင်ထားကြောင်း Associated Print က သတင်းပေးပို့ခဲ့သည်။

ပိုစတာ တစ်ခုတွင် "ကိုးရီးယား အလုပ်သမားပါတီ ကိုယ်စားလှယ်များ၏ အစည်းအဝေးကို နွေးထွေးစွာ ဂုဏ်ပြု" ဟု ရေးသားထားသည်။

ပါတီ ကိုယ်စားလှယ်များသည် တနင်္လာနေ့က Kumsuson အောက်မေ့ဖွယ် နန်းတော်သို့ သွား ကင်ဂျုံအီ၏ ဖခင် မြောက်ကိုးရီးယား တည်ထောင်သူ ကင်အီဆွန်းအား သွားရောက် ဂါရ၀ပြုကြသည်ဟု KCNA က သတင်း ဖော်ပြခဲ့သည်။

ကင်အီဆွန်းအား ထာဝရ သမ္မတအဖြစ် လူသိများပြီး ကင်ဂျုံအီကမူ သူ့ကိုယ်သူ ခေါင်းဆောင် ကြီး (dear leader) အဖြစ်သာ ဖော်ပြသည်။

ကင်ဂျုံအီသည် ယင်း၏ ဖခင် သေဆုံးသော ၁၉၉၄ တွင် ခေါင်းဆောင် ဖြစ်လာသည်။

ကင်ဂျုံအီ၏ လက်ထက်တွင် တိုင်းပြည်သည် ပြင်ပကမ္ဘာနှင့် အထီးကျန်မှုမှာ ပို အမြစ်တွယ် လာသည်။

ကင်ဂျုံအီသည် ယင်း၏ မိသားစုအပေါ် ကိုးကွယ်မှုကို ပိုမို အလေးပေး တည်ဆောက်ခဲ့ရာ တိုင်းပြည်၏ စီးပွားရေးမှာ ရပ်သလောက် ဖြစ်သွားပြီး ပြည်သူများမှာ အစာရေစာ ပြတ်လပ်မှုကို မကြာခဏ ကြုံကြရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment