Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ အိမ်နီးချင်း မြန်မာနိုင်ငံတွင် လာမည့် နိုဝင်လာလ ၇ ရက်နေ့၌ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိသည်။ သို့သော် အဆိုပါ ရွေးကောက်ပွဲသည် ဘာမှ မဟုတ်သော ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ အကြောင်းမှာ အဓိက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရရှိသောကြောင့်ပင် ဖြစ်၏။

၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်း မပေးခဲ့သလို သူမကိုလည်း နှစ်ပေါင်း ၁၅ နှစ်တာကြာမျှ ဖမ်းဆီး ထိန်းချုပ်ထားခဲ့သည်။ ယခု ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲသည် စစ်တပ်အာဏာ သက်ဆိုး ရှည်ရန်သာ ရည်ရွယ်ခြင်း ဖြစ်သောကြောင့် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဟု NLD က ဆုံးဖြတ်ကာ သပိတ် မှောက်ထားသည်။

မည်သို့ပင် ရှိစေကာမူ မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ အတုအယောင်အပေါ် ပြစ်တင် ဝေဖန်မှုများ လျော့ကျ သွားစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည့် ကိစ္စအား အလေးအနက် စဉ်းစားနေရသည်ဟု သတင်း ပေးပို့ချက်များအရ သိရသည်။ ရွေးကောက်ပွဲ မတိုင်မီ ရက်သတ္တပတ် တစ်ပတ် အလိုတွင် လွှတ်ပေးဖွယ် ရှိသည်ဟု ဆိုသည်။ စစ်အစိုးရက ယင်းသို့ အရဲစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖွယ် မရှိသော်လည်း ကျွန်ုပ်တို့ကတော့ ဖြစ်လာမည်ဟု မျှော်လင့်မိသည်။

ဖိလစ်ပိုင် သမ္မတ အကွီနို အနေဖြင့် ယခင် အစိုးရ အဖွဲ့ဟောင်း၏ မူဝါဒအတိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မမှိတ်မသုံ ဖိအာပေး ပြောဆိုသင့်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုသည် မြန်မာနိုင်ငံတွင် အပြုသဘော ဆောင်သော အပြောင်းအလဲ ဖြစ်ပေါ်ရေးအတွက် မျှော်လင့်ချက် တစ်စပင် ဖြစ်ရာ ဖိလစ်ပိုင် အစိုးရအနေဖြင့် အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှု မူဝါဒများကို ဆက်လက် ကျင့်သုံးသင့်သည်။ သို့သော် တစ်ချိန်တည်းမှာပင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ မှန်မှန်ကန်ကန် လုပ်ကိုင်လာအောင် ဖိအားပေးမှုများလည်း ပြုလုပ်ရမည် ဖြစ်သည်။

ယခင် ဖိလစ်ပိုင် သမ္မတဟောင်း၏ မိခင် ဒီမိုကရေစီ ခေါင်းဆောင်သည်လည်း အာဏာရှင် စစ်ဗိုလ်ချုပ်များကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သူ ဖြစ်သည်။ ယခု မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အထောက်အပံ့ ပေးမှုများကို ကျွန်ုပ်တို့က အထူးပင် ကြိုဆိုသည်။ ယနေ့ မြန်မာ နိုင်ငံအပေါ် ထားရှိသည့် ဖိလစ်ပိုင် နိုင်ငံ၏ မူဝါဒသည်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် တွန်းအားပေးမှုအပေါ် အခြေခံသင့်ကြောင်း ပြောလိုသည်။

The Manila Times သတင်းစာ ခေါင်းကြီးပိုင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment