Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 16th October 2010

မြန်မာစစ်ဖက် အစိုးရက "လူအသေအပျောက် ရှိခဲ့သော မြေမြှုပ်မိုင်း ပေါက်ကွဲမှု" အတွက် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) သောင်းကျန်းသူများအား အပြစ်တင် စွဲစွပ်ခြင်းဖြင့် တိုင်းရင်းသား အုပ်စုများအပေါ် တင်းမာသော သဘောထားကို ရွေးကောက်ပွဲ မတိုင်မှီ နောက်ဆုံး အကြိမ် ပြသလိုက်သည်။

ဗုဒ္ဓဟူးနေ့က ကချင်ပြည်နယ် မြောက်ပိုင်း မိုင်းဗုံး ပေါက်ကွဲရာတွင် ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာ ရရှိကြောင်း အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။

ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသော မိုင်းဖြစ်သည် ဟုလည်း သတင်းတွင် ဖော်ပြသည်။

ကချင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် မြန်မာ အစိုးရအား နှစ်ပေါင်းများစွာ လက်နက်ကိုင် ဆန့်ကျင်မှု ရပ်ဆိုင်းသွားစေသော ၁၉၉၄ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ထိုးပြီးနောက်ပိုင်း ကချင် တိုင်းရင်းသားတို့၏ အင်အား ၈၀၀၀ ရှိသော စစ်တပ်ကို စစ်ဖက်အစိုးရက "သောင်းကျန်းသူ" ဟူသော စကားလုံး ပြန်လည် အသုံးပြုစွပ်စွဲခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment