Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 17th October 2010

ထိုင်းနိုင်ငံ Tak ခရိုင် နယ်စပ် တလျှောက်တွင် ထိုင်းစစ်တပ်သည် နိုဝင်ဘာ (၇) ရက် မြန်မာ ရွေးကောက်ပွဲကြောင့် ယခင်က လုံခြုံရေးအရ ကန့်သတ်မှုများ ရှိပြီးသည့် အပြင် ယခုအခါ ပိုမို တင်းကြပ်လာသည်ကို တွေ့ရသည်။

Tak ခရိုင်၏ မဲဆောက်တွင် ရှိသော အမှတ် (၄) သေနတ်ကိုင် တပ်ရင်းမှ စစ်သားများသည် ၎င်းနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာမြို့တစ်ခု ဖြစ်သော မြဝတီနယ်စပ် တလျှောက်တွင် အထူး ကင်းလှည့်လျက် ရှိပြီး ရွေးကောက်ပွဲ ပြီးဆုံးသည်အထိ တာဝန်ယူထားမည် ဖြစ်သည်ဟု တပ်မှူး Padaung Yingpaiboon က ပြောသည်။

ကရင်ပြည်နယ်ရှိ မြဝတီတွင် မြန်မာအစိုးရ စစ်တပ်များနှင့် ကရင် KNU  တပ်များ အကြား တိုက်ခိုက်မှု အရှိန် မြင့်လျက် ရှိသည်။

မြန်မာ အစိုးရသည် အဆိုပါ ဆန့်ကျင်ရေး အင်အားစုများက ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းစဉ် ကာလအတွင်း မငြိမ်မသက်မှုကို မြှောက်ပင့်ပေးမည်ကို စိုးရိမ်နေပြီး အချုပ်အချာ အာဏာကို ထိပါးလာမည်ကိုလည်း စိုးရိမ်နေသည်။

ကင်းလှည့်ရေးတွင် မော်တော် ဆိုင်ကယ်များနှင့် ယာဉ်တန်းတစ်ခု ပါဝင်ပြီး၊ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား အုပ်စုများ ကြားတွင် ဖြစ်သော ပဋိပက္ခကြောင့် ဖြစ်လာနိုင်သည့် ကိစ္စများကို ကြိုတင် ကာကွယ်ရေး လုပ်ငန်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး Padung က ပြောသည်။

တပ်ရင်း (၃) တပ်မှူး Wannatip Wongwai က ပြောကြားရာတွင် မြန်မာ အစိုးရသည် ထိုင်းအာဏာပိုင်များထံ မည်သည့် အကူအညီမျှ မတောင်းသေးဟု ဆိုသည်။

သို့သော် ချင်းရိုင်ရှိ အမှတ် (၂) ခြေမြန်တပ်ရင်း Pha Muang တပ်မှ တပ်မှူးကြီး Jiradej kamolpetch က ပြောကြားရာတွင် ၎င်းတို့ စစ်တပ် အနေဖြင့် အကူအညီ တောင်းလာလျှင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကူအညီ ပေးရန် အသင့် ရှိသည်ဟု ဆိုသည်။

နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲသည် အနှစ် နှစ်ဆယ်အတွင်း ပထမဆုံး ကျင်းပခြင်း ဖြစ်ပြီး၊ ဒီမိုကရေစီ ပါတီများက သံလက်သီး တပ်ထားသော စစ်အစိုးရ၏ တင်းကြပ်သော ကန့်သတ်မှုများသည် ရွေးကောက်ပွဲတွင် စစ်တပ် အနိုင်ရရေးကို ပို၍ သေချာစေသည်ဟု ဆိုကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment