Transparency Myanmar

transparency.myanmar@gmail.com

Gulf Times, 16th November 2010

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ အစိုးရက လွှတ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းရန် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂအား အရှေ့တီမော သမ္မတ Jose Ramos Horta က ယမန်နေ့က တိုက်တွန်းလိုက်သည်။

လွန်ခဲ့သော ၂၁ နှစ် အတွင်း ၁၅ နှစ်ခန့် ထိန်းသိမ်းခြင်း ခံရသော ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့တွင် အကျယ်ချုပ် ကျခံနေရာမှ စနေနေ့တွင် လွတ်မြောက် လာခြင်းအပေါ် ပျော်ရွှင်မိကြောင်း Ramos Horta က ထုတ်ဖော် ပြောကြားခဲ့သည်။

"၁၅ နှစ်ကျော်ကျော် အကြောင်းမရှိပဲ  အကျယ်ချုပ် ဖမ်းဆီး ခံနေရာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမှုကြောင့် ကျွန်တော် အလွန် ပျော်ရွှင်မိပါတယ်။ ဒါကို ကောင်းတဲ့ အရာ တစ်ခု အဖြစ် ကျွန်တော် ရှုမြင်ပါတယ်။ ဒီလို လွှတ်ပေးခဲ့တဲ့ မြန်မာ စစ်ဖက် အစိုးရလည်း ဂုဏ်ပြု ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

"မြန်မာ နိုင်ငံ အပေါ် တင်းကြပ်တဲ့ အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကားနဲ့ ဥရောပ ၂ ဖွဲ့စလုံးက အရေးယူမှုတွေ ရုတ်သိမ်း သွားစေဖို့ ကျွန်တော် မျှော်လင့်ပြီး စောင့်စားနေပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။

အရေးယူမှုများသည် မြန်မာ ပြည်သူများကို မရည်ရွယ်ပဲ စစ်အစိုးရကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဝါရှင်တန်နှင့် ဘရပ်ဆယ်က ပြောကြားလျက် ရှိသော်လည်း မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲ နွမ်းပါးသော တိုင်းပြည်အပေါ် စီးပွားရေး အရ ပိတ်ဆို့ထားခြင်းသည် ကောင်းမွန်သော ကျင့်ဝတ် မဟုတ်ဟု ၎င်းက မှတ်ချက် ပေးသည်။

အနှစ် ၅၀ စစ်အုပ်ချုပ်ရေး ခိုင်မြဲစေရန် ရည်ရွယ်သည့် လှည့်စားမှု တစ်ခုသာ ဖြစ်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက် နိုင်ငံ ခေါင်းဆောင်များက ပြစ်တင် ဝေဖန်ခဲ့ကြသော ရွေးကောက်ပွဲများကို ပြုလုပ်ပြီး တစ်ပတ် နီးပါး အကြာတွင် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment