Transparency Myanmar

transparency.myanmar@gmail.com

AP, 27th November 2010

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တရုတ်အား လတ်တလော ကိစ္စရပ်များသည် လက်ခံ နိုင်ဖွယ် မရှိသဖြင့် မြောက်ကိုရီးယားအား ရှင်းရှင်းလင်းလင်း သိစေရေး ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J Crowley က ပြောကြားရာတွင် ကလင်တန်သည် သောကြာနေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi နှင့် မြောက်ကိုရီးယား ကိစ္စအား ရှည်လျားစွာ ဖုန်းဖြင့် စကားပြောခဲ့သည်ဟု ဆိုသည်။ ကလင်တန်က Beijing အား မြောက်ကိုရီးယား၏ အပြုအမူသည် လက်မခံ နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိစေရန် ဆောင်ရွက်ရေးကို တိုက်တွန်း အားပေးခဲ့ကြောင်း Crowley က ပြောသည်။

Beijing တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပါ ဖုန်းစကား ပြောမှုကို အတည်ပြုခဲ့ပြီး၊ သောကြာနေ့က Yang သည် မြောက်ကိုရီးယား သံအမတ်နှင့် သီးခြား တွေ့ဆုံခဲ့သည်။ တရုတ်က ထုတ်ပြန်သော သတင်း ကြေညာချက်တွင် Yang က လက်ရှိ အခြေအနေ အပေါ် စိုးရိမ် ပူပန်မှုများ ရှိနေကြောင်း၊ ကိုရီးယား နှစ်နိုင်ငံသည် စိတ်ရှည် သည်းခံမှု ပြသသင့်ပြီး၊ တွေ့ဆုံ ဆွေးနွေးပြီး ပြဿနာ အဖြေရှာသင့်ကြောင့် ဆိုခဲ့သည်။

အင်္ဂါနေ့က မြောက်ကိုရီးယား၏ တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ရသောကြောင့် တောင်ကိုရီးယား အစိုးရသည် ပြန်လည် ထူထောင်ရေးကို ကြိုးစား လုပ်ဆောင်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment