Transparency Myanmar

transparency.myanmar@gmail.com

မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joesph Yun တို့တွေ့ဆုံပြီး စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ အရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ အများကြီးဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ နောက်ပြီး ဆွေးနွေးတဲ့ကိစ္စတွေထဲမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေလည်း ပါဝင်ပါတယ်။ အသေးစိတ်ကိုတော့ မပြောနိုင်ပါဘူး" ဟု နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏နေအိမ်တွင် ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီပါတီ(NLD) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များလည်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ ၇နှစ်ကြာ နေအိမ်အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရရာမှ ပြန်လည်လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ကြည့် လိုကြောင်း အစောပိုင်းက ထုတ်ဖော် ပြောဆိုခဲ့သေးသည်။ အဆိုပါ ပိတ်ဆို့အရေးယူမှုများသည် စစ်အစိုးရကို ထိခိုက်မှုမရှိဘဲ ပြည်သူလူထုအပေါ်သာ ထိခိုက်စေကြောင်း လေ့လာသုံးသပ်သူအချို့က ထောက်ပြကြသည်။

မစ္စတာ Joesph Yun သည် ဒီဇင်ဘာလ  ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြို့တော်နေပြည်တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ခင်ရီအပါအဝင် အခြားသောအစိုးရ အရာရှိကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။

"ကျွန်တော်တို့ ဆွေးနွေးပွဲကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရး ကိစ္စကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်" ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောကြားသည်။ "သူက အာရှသားဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့ စကားပြောတဲ့ အခါမှာ ပိုပြီးရင်းနှီးမှုရှိသလို ခံစားရပါတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မစ္စာ Joesph သည် အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည်။ ၎င်းသည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သော အဆင့်မြင့် အမေရိကန်သံတမန် အရာရှိကြီးတစ်ဦးလည်း ဖြစ်သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်သည်ဟု သတ်မှတ်ပြောဆိုသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများ ပါဝင်ခွင့်မရရှိအောင် ဥပဒများဖြင့် တစ်ဖက်သတ်ပြဌာန်းထားသောကြောင့် ဖြစ်သည်။ အဆိုပါဥပဒေများသည် စစ်အစိုးရကျောထောက်နောက်ခံ နိုင်ငံရေးပါတီသာ အနိုင်ရရှိအောင် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။ သို့သော် အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်အစိုးရနှင့် သံတမန်ရေးနှင့် စီးပွားရေးနည်းလမ်းအရ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လိုကြောင်း ထုတ်ဖော်ပြေဆိုထားသည်။

အကြောင်းမှာ မြန်မာနိုင်ငံတွင်းစစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ထွက်ပေါ်လာရန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လိုသည်ဟု နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ထုတ်ဖော်ပြောဆိုထားသည်။

Monster and Critis မှသတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment